spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယား(ကရင်နီ)ပြည်နယ်မှာ စစ်ကောင်စီဖွင့်လှစ်ဖို့ ညွှန်ကြားထားတဲ့ စာသင်ကျောင်း ဖွင့်လှစ်တာတွေမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက နိုဝင်ဘာလ ၁ရက်နေ့မှာ ကျောင်းတွေဖွင့်လှစ်ဖို့ ညွှန်ကြားထားတာရှိပေမယ့် ကယား(ကရင်နီ)ပြည်နယ်မှာ လက်ရှိအချိန်အထိ ဖွင့်လှစ်တဲ့ကျောင်းတွေမရှိသလို ကျောင်းအပ်တဲ့သူတွေလည်း မရှိဘူးလို့ ဒီးမော့ဆိုအခြေခံကျောင်းသားများ သမ္မဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

” အခုထိ သိရသလောက်ကတော့ ကျောင်းတွေဖွင့်တာမရှိသေးဘူးပေါ့နော။ ဖိအားပေးတာလည်း မကြားမိသေးဘူးပေါ့နော။ ဒီအနေအထား တစ်ခုပေါ့နော။ “

ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ မယ်စဲ့မြို့နယ်တွေကိုတော့ လက်ရှိမှာ စစ်ကောင်စီက ကိုဗစ်ကြောင့် စာသင်ကျောင်းတွေ မဖွင့်သေးပဲ ယာယီဆက်ပိတ်ထားဖို့ ကြေညာထားပါတယ်။ ဒါပေမယ့် ကျန်မြို့နယ်တွေကိုတော့ ပြန်ဖွင့်လှစ်သွားဖို့ အောက်တိုဘာလ ၂၈ရက်နေ့မှာ ကြေညာထားပါတယ်။

လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှားတောမြို့နယ်တွေကို စစ်ကောင်စီက ဖွင့်လှစ်ဖို့ ညွှန်ကြားထားပါတယ်။ အဲ့ဒီ မြို့နယ်တွေဟာ ကရင်နီဒေသခံလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲမကြာခဏ ဖြစ်ပွားတဲ့မြို့နယ်တွေဖြစ်ပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် မေလမှာပဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေ တစ်သိန်းကျော် စစ်ဘေးရှောင်နေကြရပါတယ်။

သားသမီးတွေကို စစ်ကောင်စီလက်ထက်မှာ ကျောင်းပေးမတက်နိုင်ဘူးလို့ ဒီးမော့ဆိုမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

” ကျမတို့ကလေးကို ကျောင်းပေးမတက်နိုင်ဘူး။ ကြိုက်လည်းမကြိုက်ဘူး။ ကျောင်းလည်း ပေးမတက်နိုင်ဘူး။ သူတို့ခေါ်တက်ရင်လည်း ပေးမတက်ဘူး။”

လက်ရှိမှာဆိုရင်လည်း ဒီးမော့ဆိုမြို့ နယ်နဲ့ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတချို့တွေမှာ ကိုယ်ထူကိုယ်ထကျောင်း ၂၀၀ နီးပါးဖွင့်လှစ်ထား တာလည်းရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာ အခြေခံပညာကျောင်းပေါင်း ၅၁၇ကျောင်းရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးဝန်ထမ်းတွေဟာလည်း အကြမ်းမဖက် စစ်အာဏာရှင်ဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေကို ပြုလုပ်ကြပါတယ်။

spot_img
spot_img

Recent posts