spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားတွင် ရာသီတုပ်ကွေး H1N1 သံသယရှိလူနာမရှိသေး

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်တွင် လတ်တလောဖြစ်ပွားမှု အများဆုံးဖြစ်နေသည့် ရာသီတုပ်သွေး H1N1 သံသယရှိ လူနာ မရှိသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထွန်းနေဝင်းထံမှ သိရသည်။

“တုပ်ကွေးတွေအမျိုးမျိုးရှိရာက အခုလတ်တလောဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ကျတော်တို့ဆီမှာ သံသယလူနာမရှိသေးပါဘူး။ ရှိရင်လည်း လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက ကျတော်တို့ကို အချိန်နဲ့တစ်ပြေးညီ သတင်းပို့မှာပါ”ဟု ဒေါက်တာထွန်းနေဝင်းက ပြောသည်။

လွိုင်ကော်မြို့ပေါ်တွင် H1N1 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာလိုက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ (ဓါတ်ပုံ – နော်ဒွေးအယ်ခူ)

ကယားပြည်နယ်တွင် ရာသီးတုပ်ကွေး H1N1 ဖြစ်ပွားမှုမရှိသေးသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် လူထူထပ်ရာနေရာများဖြစ်သည့် ဈေး၊ ကားဂိတ်၊ စာသင်ကျောင်း၊ လေဆိပ် အစရှိသည့် နေရာများတွင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေလျှက်ရှိကြောင်း သိရသည်။

“ကြိုတင်ကာကွယ်ခြင်းလုပ်တဲ့နေရာမှာဆိုရင် လူထူထပ်တဲ့နေရာတွေ မသွားဘူး နှာချေတယ် ချောင်းဆိုးတဲ့အချိန်တွေမှာဆိုရင် အပြင်မထွက်ဘဲနဲ့ အိမ်မှာပဲနေ။ တကယ်လို့ သွားဖြစ်ခဲ့တယ်ဆိုရင်လည်း လက်ကိုင်ပုဝါတွေ သစ်သျှူးတွေ တစ်ခါးသုံးပါးစပ်အုပ်တဲ့ mask တွေ နှာခေါင်းစည်းတွေ အဲဒါတွေကို အသုံးပြုဖို့လည်း တိုက်တွန်းထားတယ်””ဟု ဒေါက်တာထွန်းနေဝင်းက ဆက်ပြောသည်။

ရာသီတုပ်ကွေးလက္ခဏာများဖြစ်ပွားရာတွင် အပူချိန် ၃၈·C နှင့်အထက် အဖျားရှိခြင်း၊ နှာရည်ယိုုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်သည်ဟု သိရသည်။

ဇူလိုင်လ၈ရက်နေ့တွင်လည်း လွိုင်ကော်မြို့၊ နောင်ယားဈေးတွင် ပြည်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးလက်ကမ်းစာစောင်ကို ဖြန့်ဝေလျှက်ရှိသလို ရာသီတုပ်ကွေးရောဂါ သံသယရှိသူများတွင် အဖျားကြီးလွန်းခြင်း၊ အသက်ရှုကြပ်ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ သတိလစ်ခြင်း နှင့် ဂနာမငြိမ်ဖြစ်ခြင်း စသည့် ပြင်းထန်သော လက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာ ဆေးခန်း/ဆေးရုံသို့ ချက်ချင်းသွားရောက်၍ ကုသမှုခံယူရန် တစ်ပါးတည်း ညွှန်ကြားထားကြောင်း သိရသည်။

“ဒီအချက်အလက်တွေ သံသယ လက္ခဏာတွေရှိခဲ့တယ်ဆိုရင်လည်း နီးစပ်ရာကျန်းမာရေးဌာနတွေကိုသွားဖို့ရယ် နီးစပ်ရာကျန်းမာရေးဌာနတွေကလည်းတဆင့် ကျတော်တို့ဆီကို ပြည်နယ်ကျန်းမာရေးကိုလည်း ကျန်းမာရေးဌာနတွေက အဆင့်ဆင့် ရပ်ကွက်တွေမှာဖြစ်တယ်ဆိုရင် မြို့နယ်၊ မြို့နယ်ကတဆင့် ပြည်နယ်ကို အချိန်နဲ့တပြေးညီ သတင်းပို့ဖို့လည်း ကျတော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု၎င်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားကြောင်း ဒေါက်တာထွန်းနေဝင်းက ရှင်းပြသည်။

အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များနေသော်လည်း ကယားတွင် မိုးမကျခင်အမှီ ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ရေတွင်းရေကန်၊ မြောင်း များတွင် ပိုးလောက်လန်းမပေါက်ဖွားအောင် ဆေးခတ်ခြင်းများ ဆောင်ရွက်ထားသောကြောင့် ယခင်နှစ်ထက်စာလျှင် သိသိသာသာ သွေးလွန်တုပ်ကွေးအဖြစ်နည်းပြီး အစုအပြုံလိုက် ဖြစ်ပွားမှု မရှိသေးကြောင်း ၎င်းကဆိုသည်။

ကယားတစ်ပြည်နယ်လုံးတွင် ကျန်းမာရေးဆိုင်ရာအသိပညာ လမ်းကမ်းစာစောင်ဖြန့်ဝေနေပြီး သံသယရှိလူနာရှာဖွေ ဖော်ထုတ်ခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ မြို့နယ်အသီးသီး ကျန်းမာရေးဌာနများတွင် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Advertisement

ဇူလိုင်လ ၁၁ရက်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရာသီတုပ်ကွေးသံသယရှိလူနာ ၅၅၅ဦးကို ဓတ်ခွဲစစ်ဆေးခန်းခဲ့ပြီး ရောဂါဖြစ်ပွားသူ ၂၀ရဦးတွေ့ရှိခဲ့သလို သေဆုံးသူ ၄၁ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

spot_img
spot_img

Recent posts