spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားဝန်ကြီးချုပ်ဟောင်းကို အဂတိကော်မရှင်ထံတိုင်ကြားမှု အခြေအနေမထူးသေး

Author

Date

Category

စိုးထိုက်အောင်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်ထောင်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်းကြားထားတဲ့အမှုကို ကော်မရှင်ဖက်က တုန့်ပြန်မှု တစုံတရာ မလုပ်သေးဘူးလို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြန်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“ ဝန်ကြီးချုပ်ကိုရပ်စဲဖို့အတွက် သမ္မတကနေ ညွှန်ကြားချက်ထွက်လာတဲ့အခါမှာလည်း မိတ္တူကို အဂတိကိုလည်းပေးထားတာ ကျနော်တို့တွေ့ရတာပေါ့နော်။ ဆိုတော့ အဂတိက အခုချိန်ထိ ဒီကိစ္စနဲ့ပတ်သတ်တာကို အကောင်အထည်ဖော်ဆောင်ရွက်တာ မရှိတာကတော့ ကျနော်က သံသယ နည်းနည်းဝင်တာပေါ့။ ဘာလို့လည်းဆိုရင် ဒီကိစ္စက ဒီလောက်ဖြစ်နေတာကို သူတို့က အခုချိန်ထိဘာမှအရေးယူဆောင်ရွက်တာ မရှိဘူး။ နောက်ပြီးတော့မှ ကျနော်တို့ပို့ထားတဲ့စာလည်း အကြောင်းမပြန်ဘူးပေါ့။”လို့ ဦးသဲရယ်က ပြောပါတယ်။

ပြည်ထောင်စုအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဆက်သွယ်မေးမြန်းရာမှာတော့
“ အဲ့ဒါ သူကိုယ်တိုင် ဦးသဲရယ်ကိုလေ ကိုယ်တိုင် အဲ့ဒီဟာလေးရောက်မရောက်မရောက်ဆိုတဲ့ဟာကို…ဖုန်းကိုဆက်ပြီးမေးကြည့်ခိုင်းလိုက်ပါလား။ ကျနော်တို့က တိုင်ကြားစာရောက်ချင်း၊ မရောက်ချင်းကို ပြင်ပပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ကျနော်က ဖြေကြားပိုင်ခွင့်မရှိဘူးဗျာ့။” လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မှရှင် ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၁၇ရက်နေ့အထိအကြောင်းမပြန်သေးတဲ့အတွက် ၁၇ရက်နေ့ညနေမှာ တစ်ကြိမ်၊ ၁၈ရက်နေ့မနက်ပိုင်းမှာ တစ်ကြိမ် စာရောက်မရောက်ကို ဖုန်းဆက်မေးမြန်းခဲ့တယ်လို့ ဦးသဲရယ်က ၁၈ရက်နေ့ အင်တာဗျူးသွားရောက်မေးမြန်းတဲ့အချိန်မှာ ပြောပါတယ်။

“ ကျနော်ကတော့ အဂတိကို ကျနော် ဖုန်းဆက်တာကတော့မနေ့ကတည်းကလည်းဆက်တယ်မရဘူး။ ဒီမနက်လည်းကျနော်ထပ်ဆက်တယ် ဒီမနက်တော့ ဒီဖုန်းကို ကိုင်တဲ့လူရှိတယ်။ ဒါပေမယ့် သူကိုင်ပြီးတော့ ကျနော် မေးလိုက်တဲ့အခါမှာ ညွှန်မှူးမရှိဘူးပေါ့နော်။ ညွှန်ကြားရေးမှူးမရှိတဲ့အတွက် သူ့အနေနဲ့မဖြေနိုင်ဘူးပေါ့။ ညွှန်ကြားရေးမှူးပြန်လာမှ တစ်ခါပြန်ဆက်ပါဆိုပြီးတော့ ကျနော်ကို အဲ့လိုပဲပြောလာတာပေါ့နော်။”လို့ ဦးသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေး ကော်မတီအနေနဲ့ ၂၀၁၈ ခုနှစ်ကလည်း ကြားနာစစ်ဆေးခဲ့ပြီး အဂတိလိုက်စားမှုနဲ့တိုက်ဖျက်ရေးကော်မရှင်ထံ တစ်ကြိမ်တိုင်ခဲ့ဖူးပြီဖြစ်ပါတယ်။ ၎င်းကော်မတီအပြင် ပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေးကော်မတီကလည်း တစ်ကြိမ်တိုင်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကော်မရှင်ဖက်က အရေးတယူ တုန့်ပြန်မှု တစုံတရာမရှိခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို စစ်ဆေးပေးဖို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးသဲရယ်က တိုင်ကြားစာပေးပို့ခဲ့တာပါ။

ယခုတကြိမ် တိုင်ကြားစာကို အီးမေးလ်ကနေရော၊ စာတိုက်ကနေပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဆီကိုပေးပို့ထားတာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေနဲ့ ပြည်သူတွေအတွက် တရားမျှတတဲ့ အခြေအနေတွေကု စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိပြီး ပြည်သူ့ငွေ အလွဲသုံးစားမှု၊အာဏာအလွဲသုံးစားမှုတွေကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က သုံးသပ်ပြောဆိုပါတယ်။

“ ဒီလို တစ်နိုင်ငံလုံးလည်း စိတ်ဝင်စားနေတယ် ပြီးတော့မှ ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းတဲ့နေရာမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကျော်သံနဲ့ လူထုမဲတွေရရှိပြီးတော့ အစိုးရဖွဲ့ခဲ့တဲ့ ပါတီတစ်ရပ်အနေနဲ့ဆိုရင်လည်း ဒီအပေါ်မှာ တကယ်ပြောင်းလဲလိုစိတ်ရှိစွာနဲ့ အဂတိကင်းဖို့ ကတိပေးထားတာတွေအတိုင်း အဂတိကင်းဖို့လိုအပ်သလို တကယ်တမ်း အဂတိသံသယကို ပြေပျောက်အောင်ဆိုရင်လည်း စစ်ဆေးရမှာပဲဖြစ်ပါတယ်။” လို့ ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်ကပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်တဲ့အကြောင်းအရာအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားဌားရမ်းငွေကို နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာကိစ္စအတွက် သုံးစွဲခြင်း၊ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အဂတိလိုက်စားဆောင်ရွက်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌဖြစ်သလို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးသဲရယ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလိုက်တာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေနဲ့ ပြည်သူ့ဘဏ္ဍငွေကနေ လစာခံစားနေရသူတွေဖြစ်တဲ့ အတွက် လူထုဖက် ကို မျက်နှာမူပြီး ဘက်မလိုက်ပဲ ကိုင်တွယ်ဖြေရှင်းပေးသင့်တယ်လို့ ဦးသဲရယ်ကပြောပါတယ်။

spot_img
spot_img

Recent posts