spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ဝန်ကြီးချုပ်က မယ်စဲမှာ သိမ်းယူထားတဲ့ သာသနာမြေကို ပြန်ပေး

Author

Date

Category

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မယ်စဲမြို့နယ်က သိမ်းယူထားတဲ့ သာသနာမြေကို NLD ပါတီ ဗဟိုကော်မတီက တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပေးပြီး သက်ဆိုင်ရာ သာသနာအဖွဲ့ ကို ပြန်လှူပေးလိုက်ပြီဖြစ်ပါတယ်။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်

“ကျနော်တို့ က နှစ်ဖက်နဲ့ ညှိနှိုင်းလို့ အားလုံးသဘောတူလက်ခံတယ် ပြေပြေလည်လည်ဖြစ်သွားပါပြီ အားလုံးနှစ်ဖက်လုံးကလည်း ကျေကျေနပ်နပ်နဲ့ ညှိနှိုင်းမှုကိုအားလုံးကလက်ခံပါတယ်။ ကစ်သလစ်ကျောင်းတော်ကြီးက ဆရာတော်ကြီးတွေအကုန်လုံး လက်ခံပေးတဲ့အတွက် အားလုံးကျေကျနပ်နပ်နဲ့ပြီးသွားပြီလို့ဒါပဲပြောချင်ပါတယ်။ အသေးစိတ်တော့ ကျနော် မပြောချင်ဘူးခင်ဗျ ဘာလို့လဲဆို ကျနော်တို့က နောက်ကြောင်းဖြစ်ခဲ့တာတွေကို ဘာမှ ပြန်မပြောဘူးလို့ ကျနော်တို့က သဘောတူထားတာကိုး နော။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ NLD ပါတီဗဟိုမှ ပါတီ ဒုဥက္ကဋ္ဌ ၊မန္တလေးဝန်ကြီးချုပ် Dr. ဇော်မြင့်မောင်၊ NLD ပါတီပြောရေးဆိုခွင့်ရှိသူ Dr. မျိုးညွှန့် တို့ က လွိုင်ကော် ကက်သလစ်ကျောင်းတော်မှာ သာသနာ ဆရာတော်တွေနဲ့တွေ့ဆုံညှိနှိုင်းခဲ့တာပဲဖြစ်ပါတယ်။

ဧကဝက်လောက်ပဲရှိတဲ့ သာသနာမြေနေရာကို ဝန်ကြီးချုပ် က သူပိုင်ဆိုင်တဲ့ မြေနေရာတွေနဲ့ပေါင်းပြီး ပုံစံ ၁၀၅ တွေပြုလုပ်ထားခဲ့တာပါ။ ဒေသခံသာသနာအဖွဲ့ကတော့ အဲဒီမြေနေရာဟာ ဘုရားကျောင်းဝိုင်းရဲ့ မျက်နှာချင်းဆိုင်နေရာဖြစ်တာကြောင်း ပြန်ရဖို့ ပြီးခဲ့တဲ့ နှစ် နို်ဝင်ဘာလောက်မှာ တောင်းဆိုခဲ့ကြတာပါ။

ဝန်ကြီးချုပ်ကနေ ပြန်လှူပေးတဲ့ ပုံနဲ့ နဲ့ ပြန်ပေးတာဖြစ်တာကြောင့် လုပ်ထားတဲ့ ပုံစံ ၁၀၅ တွေအတွက် ညှိနှိုင်တာတွေပြန်လုပ်ရဦးမယ်လို့ သာသနာ အသိုင်းအဝိုင်းကနေ သိရပါတယ်။

spot_img
spot_img

Recent posts