spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အစိုးရ ဦးဆောင်သည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဖျက်သိမ်း

Author

Date

Category

ဗိုလ်ချုပ်ကြေးရုပ်ထားရှိ်ရေးကိစ္စ ကရင်နီလူငယ်ထုနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဇူလိုင်လ ၂ဝ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် (ဓါတ်ပုံ-မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်)

ကန့်ကွက်မှုရှိနေသည့် လွိုင်ကော်တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် ဦးဆောင်လုပ်ဆောင်နေခြင်းကို ကယားပြည်နယ်အစိုးရက စွန့်လွှတ်လိုက်သည်။

သို့သော် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကိုု အရပ်ဘက်အဖွဲ့အစည်းများမှ ဦးဆောင်ပြီး ဖွဲ့စည်းမည်ဟု ၎င်းတို့က တောင်းဆိုခဲ့ကြောင်း ဆိုသည်။ ကြေးရုပ်ထားရှိရေး သဘောထားဆန္ဒများကို လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများကသာ ဦးဆောင်ပြီး လိုက်လံကောက်ယူပါက အကူအညီပေးသွားမည်ဖြစ်ကြောင်း ကယားဝန်ကြီးချုပ်က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ဦးဆောင်ကန့်ကွက်နေသည့် ကရင်နီလူငယ်ထုနှင့် အစိုးရအဖွဲ့၊ လူထုအခြေပြု ပရဟိတအဖွဲ့များတို့ ယနေ့ ဇူလိုင်လ ၂ဝ ရက်နေ့ အစောပိုင်းက တွေ့ဆုံခဲ့ရာက ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကရင်နီလူငယ်များကမူ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး တဖက်သတ်ဆုံးဖြတ်ချက်ချလုပ်ဆောင်နေသည့် ပြည်နယ်အစိုးရနှင့် ဆက်လက်ပူးပေါင်းသွားမည်မဟုတ်ကြောင်း ၎င်းတို့က ကြေညာချက်ထုတ်သည်။

“ဒီညှိနှိုင်းမှုတွေ လုပ်ဖို့ဆိုတဲ့ အခြေအနေမှာ ညှိနှိုင်းတဲ့ပုံစံမျိုးမဟုတ်ဘဲ တစ်ဖက်သတ်ဆန်တဲ့ ဆုံးဖြတ်ချက်တွေကို ချသွားတာများတယ်ဆိုတဲ့အတွက် ဒီနောက်ပိုင်းမှာ ဒီပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ ဆက်ပြီးအလုပ်လုပ်ဖို့ ကိစ္စရပ်တွေကတော့ ကျွန်တော်တို့မှာက အယုံအကြည်နည်းသွားပြီဆိုတဲ့ အခြေအနေကို ကျွန်တော်တို့ လာတင်ပြရခြင်းဖြစ်တယ်။”ဟု ကရင်နီလူငယ်ထု၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းဘားနဒ်ဘုတ်က ပြောသည်။

၎င်းတို့၏ အချက် ၉ ချက်ပါ သဘောထားကို တင်ပြခဲ့ပြီး ယင်းတွေ့ဆုံပွဲအစမှာပင် ဆက်လက်ဆွေးနွေးမည့်အစီအစဉ်ကို ကန့်ကွက်ကာ အစည်းအဝေးမှ ထွက်ခွာခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူကမူ ဗိုလ်ချုပ်ကြေးရုပ်ထားခြင်းနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် ဖော်ဆောင်သင့်သောကိစ္စများကို ဆက်လုပ်ဆောင်သွားမည်ဟု ယနေ့အစည်းအဝေး၏ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကယားပြည်နယ်မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထားရှိရေးနဲ့ပတ်သက်ပီးမှ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်က အဓိကပြဿနာပါ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အရေး အခွင့်အလမ်းကိုလည်း အပြည့်အဝပေးထားပြီးသားဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

“ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို လိုက်နာကြရပါလိမ့်မယ်။ ဒီမိုကရေစီအရပ်သားအစိုးရဖြစ်တဲ့အတွက်ကြောင့် အများရဲ့ဆန္ဒတွေကိုမူတည်ပြီး ဖော်ဆောင်သင့်နဲ့ကဏ္ဍတွေကို အဓိကဖော်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ထပ်ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၃ ရက်နေ့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်သူများကို အစိုးရက ငြိမ်းစုစီ ပုဒ်မ ၁၉-၂ဝ ဖြင့် လူငယ် ၁၆ ဦးကို တရားစွဲဆိုထားပြီး ကရင်နီသမိုင်းစာရွက်ဖြန့်ဝေသူ ၁၃ ဦးကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)(ဂ)ဖြင့် တရားစွဲဆိုထားသည်။

spot_img
spot_img

Recent posts