spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီသမိုင်းဖြန့်ဝေခဲ့တဲ့ လူငယ်တွေကို အမှုပြန်ရုတ်သိမ်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်နီသမိုင်းဖြန့်ဝေသူလူငယ်တွေကိုဒီနေ့မှာရုတ်သိမ်းပေးလိုက်ပါပြီ။

ဇန်နဝါရီလ ၁၂ ရက်နေ့ကအစိုးရနဲ့ ကြေးရုပ်ကန့်ကွက်သူလူငယ်တွေ တွေ့ဆုံပွဲမှာဆွေးနွေးသဘောတူချက်အရအစိုးရဖက်ကရုတ်သိမ်းပေးလိုက်တာဖြစ်ပါတယ်။

ကရင်နီသမိုင်းမှန်ဖြန့်ဝေမှု၊ ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ရတဲ့ အကြောင်းရင်းပါ စာရွက်တွေဖြန့်ဝေတာကြောင့် ၂၁၀၈ ခုနှစ်ဇူလိုင်လမှာလူငယ် ၉ ဦးကိုပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လူငယ် ၉ ဦးကိုစာဖြန့်ဝေတဲ့ မြို့နယ်တွေအလိုက် တရားစွဲဆိုထားတာကြောင့် မြို့နယ် ၅ခု ကတရားရုံးတွေမှာတရားစွဲဆိုခံထားခဲ့ရပါတယ်။

ကျန် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားခံရတဲ့ လူငယ်တွေကိုတော့ အမှုရုတ်သိမ်းထားခြင်းမရှိသေးဘူးလို့သိရပါတယ်။

ကိုဒီးဒီ (ခ) စစ်မုန်း “လာမယ် ၂ဝ ရက်နေ့မှာလွိုင်ကော် တရားရုံးမှာအမိန့်ချမယ်ပေါ့နော။ မနေ့က ကျနော်တို့ တရားရုံးသွားတော့ အစိုးရဆီက အမှုရုတ်သိမ်းဖို့ စာမရောက်သေးဘူးလို့ပြောပါတယ်။ ဆိုတော့ တရားရုံးကနေမှ လာမယ့် ၂ဝ ရက်နေ့ကျရင် အမှုရုတ်သိမ်းလားမရုတ်သိမ်းလားဆိုတာကတော့ အမိန့်ချပါလိမ့်မယ်။” လို့ပြောပါတယ်။

၂၀၁၉ ဖေဖော်ဝါရီလအတွင်းမှာလည်းအစိုးရဖက်ကကြေးရုပ်ကိုလူငယ်တွေကန့်ကွက်နေတဲ့ကြားကတည်ထားတာကြောင့် သပိတ်စခန်းဖွင့်ပြီးကန့်ကွက်တဲ့ လူငယ် ကိုထပ်မံတရားစွဲဆိုတာတွေလည်းရှိပါတယ်။ လက်ရှိကြေးရုပ်ကန့်ကွက်မှုတွေကြောင့် လူငယ် ၅၅ ဦးတရားစွဲဆိုခံရပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts