spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ကရင်ပြည်နယ်ထဲမှာနေတဲ့ ကယန်းမျိုးနွယ်စုရွာရဲ့ အခက်အခဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယန်းမျိုးနွယ်စုတွေနေထိုင်တဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက မောင်ဘလော့ရွာဟာဆိုရင် မြို့နဲ့ အတော်အလှမ်းဝေးပြီး သွားလာဖို့ ခက်ခဲတဲ့ ရွာလေးဖြစ်ပါတယ်။

အဲဒီရွာကိုရောက်ဖို့ သံတောင်ကြီးမြို့ကနေ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ထိမြေနီလမ်းအတိုင်း အစွန်းထိအောင် သွားရင်တော့ရောက်ပါတယ်။ နွေရာသီဆိုရင်တော့ အဆင်ပြေပေမယ့်လို့ မိုးရာသီဆိုရင် လမ်းပန်းဆက်သွယ်ရေးက ခက်ခဲပါတယ်။ မိုးရာသီအတွင်း မြေသားလမ်းတွေ မကြာခဏပြိုတာမျိုးရှိတတ်ပါတယ်။

မောင်ပလော့ရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း

တောင်ငူမြို့နဲ့အတော်ဝေးတဲ့အတွက် ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ သွားလာရေးအခက်အခဲရှိနေတာကြောင့် တာဝန်ကျဝန်ထမ်းတွေ အချိန်ပြည့်တာဝန် မထမ်းဆောင်နိုင်ကြဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပညာရေးတွင် အလယ်တန်းအဆင့်ထိကျောင်းရှိပေမဲ့ တာဝန်ကျဆရာ/မများတွေက ဒီလိုဝေးလံခေါင်ဖျားတဲ့ ဒေသမှာ မနေနိုင်တာကြောင့် ကလေးတွေ ပညာသင်ကြားခွင့် တွေ မရကြဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“စာသင်ရေးဘက်မှာဆိုကလေးတွေက စာကောင်းကောင်းမတတ်ဘူး။ အတန်းတော့အောင်တယ်။ အတန်းတော့တက်တယ်။ ၆တန်း ရတန်းတောင်မှ ကိုယ့်နာမည်ကို ကိုယ်မပေါင်းတတ်တာရှိတယ်။ စာမကြေဘူးပေါ့။”လို့ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဦးဘစံက ပြောပါတယ်။

ဆေးပေးခန်းကလည်း ကိုယ်ထူကိုယ်ထဆောက်ထားတာဖြစ်ပြီး အစိုးရဘတ်ဂျက်မကျလာသေးဘူးလို့ သိရပါတယ်။

ကိုယ်ထူကိုယ်ထ ဆေးခန်း

“ကျန်းမာရေးဘက်မှာလည်း ကျန်းမာရေးဆရာမတွေလာတယ်။ ပုံမှန်တော့ မရှိဘူး။ လာလိုက်မလာလိုက် ကာကွယ်ဆေး တိုက်စရာရှိတာတိုက်တယ်။ ပြီးရင်ပြန်သွားတယ် အဲလိုမျိုးပါပဲ။” ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြည်နယ်၏ အစွန်အဖျားဖြစ်တဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အသွားအလာသိပ်မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒေသခံတွေရဲ့ အခက်အခဲတွေ သိရှိစေဖို့အတွက် လွှတ်တော်အမတ်တွေက မကြာမကြာကွင်းဆင်းပေးဖို့ လိုလားနေကြပါတယ်။

spot_img
spot_img
spot_img

Recent posts