spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီက တိုင်းရင်းသားပါတီ ၂ခု အပါအဝင် နိုင်ငံရေးပါတီ ၄၀ စစ်ကောင်စီဖျက်သိမ်း

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP ) ၊ ကယန်းအမျိုးသားပါတီ ( KNP ) အပါအဝင် နိုင်ငံရေး ပါတီ ၄၀ ကို သတ်မှတ်ကာလအတွင်းမှာ ပါတီဆက်လက်မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခြင်းမရှိတဲ့အတွက် မတ်လ ၂၉ ရက်နေ့ကစပြီး ဖျက်သိမ်းကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာကနေ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီ ပြင်ဆင်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေအရ နိုင်ငံရေးပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း ဆက်လက်မှတ်ပုံတင်ခွင့် လျှောက်ထားရမှာဖြစ်ပြီး အဲဒီလိုမလျှောက်ထားလျှင် အလိုအလျှောက် ဖျက်သိမ်းခံရမယ်လို့ ဖော်ပြထားပါတယ်။

တည်ဆဲနိုင်ငံရေးပါတီ ၉၀ ပါတီထဲက ၄၀ကို စစ်ကောင်စီဖျက်သိမ်းခဲ့တာဖြစ်ပြီး ကျန် ပါတီ ၅၀ ကတော့ ရွေးကောက်ပွဲကော်မရှင်ထံမှာ ဆက်လက်မှတ်ပုံတင်ခွင့်လျှောက်ထားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ရွေးကောက်ပွဲကော်မရှင်ထံမှာ ၁၃ ပါတီလောက်က နိုင်ငံရေးပါတီတည်ထောင်ခွင့်လာရောက်လျှောက်ထားနေတယ်လို့ စစ်ကောင်စီပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်အတွင်းမှာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီရှိခဲ့ပြီး အဲဒီထဲက ၅ ပါတီဟာ စစ်ကောင်စီ ဖျက်သိမ်းတဲ့အထဲ ပါဝင်ခဲ့ပါတယ်။ အဲဒီပါတီတွေကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ( KySDP )၊ ကယန်းအမျိုးသားပါတီ ( KNP ) ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီတို့ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်နီပြည်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ ပါတီ ၆ ပါတီရှိနေပါတယ်။ အဲဒီပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ တို့ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ကရင်နီပြည်အတွင်းမှာ အနိုင်ရရှိခဲ့တဲ့ ပါတီတွေကတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts