spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ကို တပ်ပေါင်းစု မှ တပ်ရင်းတစ်ရင်း အဖြစ်ပြင်ဆင်ဖွဲ့စည်း

Author

Date

Category

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ကို တပ်ပေါင်းစု မှ တပ်ရင်းတစ်ရင်း အဖြစ်ပြင်ဆင်ဖွဲ့စည်း

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၆) ဖွဲ့နဲ့ ဖွဲ့စည်းထားခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကို တစ်နှစ်အကြာမှာ တပ်ပေါင်းစု အဖြစ်ကနေ တပ်ရင်းတစ်ရင်း အဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့တယ်လို့ (KRU) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းလင်းက ပြောပါတယ်။

“ တပ်ပေါင်းစုအနေနဲ့ ကနေ တပ်ရင်းအနေနဲ့ သွားမှ ပိုပြီးတော့ စစ်ရေးပိုပြီး အားကောင်းမယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ပေါ့နော။ KRUရဲ့ တပ်ရင်းအောက်မှာပဲ ကျနော်တို့ ဒီမိခင် တပ်ဖွဲ့တွေက အားလုံး ခွဲတွေနဲ့ တပ်ရင်းဖွဲ့ထားတယ်။ “ လို့ (KRU) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းလင်းက ပြောပါတယ်။

KRUတပ်ရင်းအနေနဲ့ စစ်ရေးပိုင်း ပိုမို အားကောင်းဖို့အတွက် ပြင်ဆင်ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ KRUမှာပါဝင်တဲ့ တပ်ဖွဲ့တွေကို တပ်ခွဲအဖြစ် ဖွဲ့စည်းထားပြီး တပ်ခွဲ (၅) ခွဲပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ကို တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ‌ KRUတစ်နှစ်ပြည့်တဲ့အပေါ် ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်ထက် က လူမှုကွန်ယက်စာမျက်နှာကနေ ပြောကြားထားပါတယ်။

“ တခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့မှ ရန်သူကို ထိရောက်စွာ ကျနော်တို့ တိုက်ခိုက်ဖို့အတွက်လည်း အခု စစ်အင်အားတွေလည်းပြင်ဆင်နေတယ်။ လက်နက်အင်အားတွေလည်း ပြင်ဆင်နေတယ်။ နိုင်ငံရေးအရလည်း တချို့တချို့ ပူးပေါင်းနိုင်အောင် လိုက်ပြီးတော့ ကြိုးစားနေတယ်။ တပ်တွေအကုန်လုံးပေါင်းစုနိုင်ပြီးတော့မှ တိုက်မှသာလျှင်တော်လှန်ရေးက အောင်မြင်မှာ ဖြစ်တဲ့အတွက်ကျနော်တို့ KRUရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာလည်း ဘုံရန်သူသာ အဓိက ထားတဲ့အတွက် ကျနော်တို့က ရန်သူကို တိုက်နေတဲ့ဟာအကုန်လုံးနဲ့ မူဝါဒ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပေါင်းတိုက်မှာပဲ။ “

KRUပြင်ဆင်ဖွဲ့စည်းထားတဲ့ တပ်ရင်းမှာ ဗဟိုကော်မတီ၊ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူး၊ တပ်စိတ်မှူး တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနစ် ဧပြီလ ၆ရက်နေ့က KGZ၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF ) ၊ JPDF၊ GZ-21 ( Loikaw )၊ Medic Unit ၊ SSPDF တို့ စုပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ( KRU ) ကို ပူးပေါင်းဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး KGZတပ်ဖွဲ့တော့ ပြန်လည်နှုတ်ထွက်သွားခဲ့ပါတယ်။

KRU အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO Local PDF) နဲ့ မဟာမိတ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး ဒေသတွင်းအစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ KRU က ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ အခြားသော KNDF ၊ PDF တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts