spot_img
Friday, March 24, 2023
spot_img

ကရင်နီပြည်မှာ သြဂုတ်လ တတိယအပတ်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းယူ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ဩဂုတ်လ တတိယပတ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောမြို့နယ်အသီးသီးမှာ တိုက်ပွဲ ၁၀ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ရှားတောမြို့နယ်ထဲက စစ်ကောင်စီစွန့်ခွာခဲ့တဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

 KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ စခန်းသိမ်းပိုက်ရရှိတယ်ဆိုတာ အဓိကကတော့ စစ်ကောင်စီတပ်တွေက သူတို့ ရိက္ခာပြတ်တာတွေ ဘာတွေဖြစ်လို့ သူတို့နောက်ဆုတ်သွားတာပေါ့နော။ ကျနော်တို့ ကရင်နီတပ်မတော်ရယ် KNDF ဖက်ကနေ သူတို့ကို လမ်းကနေဖြတ်တိုက်တာတို့ ဘာတို့လုပ်တော့ သူတို့ နောက်ဆုံးစခန်းမှာမနေတော့ဘဲနဲ့ ဆုတ်ခွာသွားတဲ့ပုံစံမျိုးဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ကျနော်တို့က ဒါကို ဝင်သိမ်းပိုက်လိုက်တဲ့ ပုံစံမျိုးဗျ။ စခန်းကိုသိမ်းပိုက်လိုက်တာပေါ့နော။”လို့ ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းကာ အပြင်းအထန် စစ်ကြောင်းထိုးလျက်ရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဩဂုတ်လ ၂၂ရက်နေ့မှာ သတင်းထုတ်ပြန်ထာားပါတယ်။

 တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဩဂုတ်လ ၂၀ရက်နေ့ ခြေတော်ရာဘုရားတောင်အနီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မြို့နယ်အသီးသီးမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားပြီး ဩဂုတ်လ တတိယပတ်အတွင်း စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျမပြောနိုင်ဘူးလို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တစ်ပတ်အတွင်း တိုက်ပွဲမှာက တချို့တိုက်ပွဲတွေကလည်း ပြင်းထန်တယ်။ စစ်ကောင်စီဖက်က အသေအပျောက်ဘယ်လောက်ရှိတယ်ဆိုတာကို အတည်မပြုနိုင်ဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ခြုံခိုတိုက်ခိုက်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော။ ဆိုတော့ အတိအကျတော့မပြောနိုင်ဘူးပေါ့နော။ ဒီတစ်ပတ်အတွင်းမှာ ထိခိုက်ကျဆုံးမှုတော့ရှိတယ် ဒါပေမယ့် အတိအကျအားလုံး ဘယ်လောက်ရှိလဲဆိုတာကို မပြောနိုင်ဘူးပေါ့နော။” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

 လတ်တလောမှာလည်း ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုလည်းရှိနေပါတယ်။

စစ်ကောင်စီတပ်ဖက်က လွိုင်ကော်မြို့၊ ဖရူဆိုမြို့နယ်ဖက်က ဒီးမော့ဆိုမြို့နယ်အတွင်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေတာကြောင့် အချိန်မရွေးတိုက်ပွဲ ဆက်ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

 “တိုက်ပွဲတွေက ဆက်ဖြစ်လာနိုင်တယ်ပေါ့နော။ စစ်ကောင်စီဖက်က လုပ်ရှားမှုတွေလုပ်လာတယ် စစ်ကြောင်းထိုးလာတယ်ဆိုရင် ထိတွေ့တိုက်ပွဲတွေကတော့ ဆက်ဖြစ်အုံးမှာပဲ။ အထူးသဖြင့် ဒီတစ်ပတ်အတွင်းဆိုရင် စစ်ကောင်စီတပ်တွေ ဒီးမော့ဆိုမြို့နယ်ကို ခပ်စိတ်စိတ်ပြန်ပြီးတော့ လုပ်ရှားလာတယ်ပေါ့။ အရင် သူတို့ မကျော်လာတဲ့ရပ်ကွက်တွေနေရာတွေထိ ရောက်လာတယ်ပေါ့နော။ ခြေရာတော်ဘုရား သဲတောင်ဖက်ထိကို ပြန်ပြီး စစ်ကြောင်းထိုးလာတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော။”လို့ သူက ပြောပါတယ်။

 ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ဒီးမော့ဆိုမြို့မစျေးအနီး

 ဩဂုတ်လ ၁၅ရက်နေ့မှာလည်း ရှားတောမြို့နယ်ရှိ ပွန်ချောင်းကျေးရွာအနီး မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အလားတူ ဖရူဆိုမြို့နယ်မှာလည်း သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီ၏ ဖရူဆိုမြို့အခြေစိုက် ခမရ (၄၂၈)၊ (၅၃၁) တပ်ရင်းကို ကရင်နီတပ်မတော် (KA)၊ KNDF B04 တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

 ဩဂုတ်လ ၁၇ရက်နေ့မှာ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာ၊ ဩဂုတ်လ ၂၀ရက်နေ့ တစ်နေ့တည်း ရှားတော၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က နှစ်ဦးသေဆုံးပြီး ထိခိုက်မှုများပြားခဲ့သလို စစ်ကောင်စီရဲ့ ခဲယမ်းအချို့နဲ့ ဆက်သွယ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် (DMO-PDF) ရဲ့ ဩဂုတ်လ ၂၀ရက်နေ့ ထုတ်ပြန်ချက်မှာတော့ DMO-PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဩဂုတ်လ ၁၆ရက်နေ့မှ ၂၀ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးခန့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...