ကိုဗစ်ကာလ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ

0
446

ဦးမြာ

ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ အတောအတွင်း စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနကနေ စာသင်ကျောင်းတွေကို လိုက်လံစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

စာသင်ကျောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းချက် အချက် ၈၀ နဲ့ ကိုက်ညီမှုရှိမရှိကို စစ်ဆေးတာဖြစ်ပါတယ်။

လတ်တလောမှာတော့ စာသင်ကျောင်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို စစ်ဆေးပြီးဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆူးရယ်ကပြောပါတယ်။