spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယောအမျိုးသားနေ့တွင် လက်မှုပြိုင်ပွဲကျင်းပ

Author

Date

Category

ရောကို

၁၅.၄.၂၀၁၉ ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်မှာ ကျင်းပတဲ့ (၅၁)နှစ်မြောက် ကယောအမျိုးသားနေ့မှာ လက်မှုပညာပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ကယောတိုင်းရင်းသားမျိုးနွယ်စုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ကွယ်ရန် ရည်ရွယ်ပြီး ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ ပြိုင်ပွဲဦးဆောင်သူလည်းဖြစ်၊ ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီလည်း ဖြစ်တဲ့ ဆရာမမိုဆူးက ပြောပါတယ်။

ပြိုင်ပွဲထဲမှာ ကြက်ခြင်းယက်ပြိုင်ပွဲ၊ ရိုးရာခေါင်းဖီးယက်လုပ်ပြိုင်ပွဲ၊ ခေါင်ရည်ခွက်ပြိုင်ပွဲ၊ ကျွဲချိပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးဝတ်စုံယက်ပြိုင်ပွဲ၊ ရိုးရာစောင်ယက်လုပ်ပြိုင်ပွဲများ ပါဝင်တယ်လို့ သူမက ဆက်ပြောပါတယ်။

ပြိုင်ပွဲကျင်းပတဲ့နေ့မှာ ကြက်ခြင်း ၄ လုံး၊ ခေါင်ရည်ခွက် ၅လုံး၊ ခေါင်းဖီး ၄ခု၊ အမျိုးသမီးဝတ်စုံတစ်စုံ၊ အမျိုးသားဝတ်စုံ တစ်စုံ၊ ရိုးရာစောင် ၃ထည်ကို ယက်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts