spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျဆုံးသွားသည့် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု ပန်းခွေချ-လွိုင်ကော်

Author

Date

Category

ခူးစိုးရယ်ဦး

(၇၁)နှစ်ပြည့် အာဇာနည်နေ့တွင် ကျဆုံသွားသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ချီတက်အလေးပြုခြင်းနှင့် ဂါရဝပြု လွမ်းသူ့ပန်းခွေချထားခြင်း အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ အာဇာနည်ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ကြိုးပမ်းပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြောရလျှင် ဗိုလ်ချုပ်ချမှတ်ထားသည့် လမ်းစဉ်ကို အားလုံးက လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောပါသည်။

“အာဇာနည်နေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေး လုပ်ပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တစ်နိုင်ငံအတိုင်းတာအနေနဲ့ ခြုံငုံပြီးတော့မှ ပြောရရင် ဗိုလ်ချုပ်ချမှတ်ထားတဲ့ လမ်းစဉ်တွေရှိပါတယ်၊ သူ့ကို ရိုသေတယ်၊ လေးစားတယ်ဆိုရင် သူချမှတ်ထားတဲ့ လမ်းစဉ်တွေ တိတိကျကျ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။

အခမ်အနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအသီးသီးနှင့် ဒေသအသီးသီးမှ တိုင်းရင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက ̏ကျဆုံးလေပြီးတဲ့ ခေါင်းဆောင်ကြီးတွေထဲမှာ မန်းဘခိုင် ကရင်တိုင်းရင်းသားကြီး၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ ပါဝင်တယ် ဗိုလ်ချုပ်နဲ့အတူ အခြားသောခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေပါတယ်။ ဒါဟာ ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်တယ်ဆိုတာ လူတိုင်းလက်ခံထားကြပါတယ်။˝ ဟု၎င်းကပြောသည်။

သမိုင်းပေးသင်ခန်းစာများကို အမှတ်ရကာ တိုင်းရင်းသားညီနောင်များအားလုံးတို့က တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို အတူတကွ ရရှိခံစားစေရေးဟူသည့် ရည်မှန်းချက်ကို ပိုင်ဆိုင်နိုင်စေရန် ညီညွတ်သောအင်အား၊ တူညီသောလုပ်ဆောင်ချက်တို့ဖြင့် လက်တွဲနိုင်ပါစေကြောင်း ၎င်းကဆက်ပြောသည်။

ယခင်နှစ်တွင် အာဇာနည်နေ့ကို လာရောက်ဂါရဝပြုသည့် ကျောင်းသားများမှာ ယခုနှစ် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂ရ – ၂၈)ရက်များတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမည်ကို ကန့်ကွက်သည့်စာနှင့် ကရင်နီသမိုင်းကြောင်းကို အများပြည်သူသိရှိရန် အလို့ငှာ ဖြန့်ဝေမှုပြုခြင်းခဲ့သည့်လူငယ်(၁၀)ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် လွိုင်ကော်မြို့နယ်တရာရုံးတွင် တရားစွဲထားကြောင်းနှင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်မှုပြုခြင်းတို့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ တရားစွဲဆိုခဲ့သည်။

̏သမိုင်းတွေမပျောက် နှစ်စဉ်အစဉ်အလာအရ ဖော်ထုတ်ပြီးတော့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း သူ့ရဲ့ အာဇာနည်နေ့ထူးနေ့မြတ်ကို ဖော်ဆောင်ခြင်းဖြစ်တယ်။˝ဟု NLD ခရိုင်အလုပ်မှုဆောင်တစ်ဦးဖြစ်သူ မောင်ကျော်ခိုင်ဦးက ပြောသည်။

အာဇာနည်နေ့ အခမ်းအနားသို့ စစ်ကြောင်းလေးကြောင်း ချီတက်ပြီး တောင်ကွဲတစ်ကြောင်း၊ ဒီးမော့ဆိိုဂိတ်တစ်ကြောင်း၊ သစ္စာလမ်း+ဒေါနလမ်း ကန္ဒာဝတီလမ်းဆုံတစ်ကြောင်း၊ လိုင်းပေါင်းစုံဂိတ်ဟောင်းစသည့် စစ်ကြောင်းများဖြင့် ဌာနဆိုင်ရာအသီးသီးနှင့် ပြည်သူများအင်အားနှစ်ထောင်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

spot_img
spot_img

Recent posts