spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျေးလက်ပညာရေ းကြပ်မတ်ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းပြော

Author

Date

Category

ကရင်နီသူ

ကျေးလက်ဒေသတွေမှာ ပညာရေးနဲ့ပတ်သက်လို့မြို့ပြတွေနဲ့ အရမ်းကွာဟနေသေးတာကြောင့် အနိုင်ရလာခဲ့ရင် ပုဂ္ဂလိကကျောင်းတွေနဲ့ဒေသတွင်း ပညာရေးအသုံးစာရိတ်တွေကို မြှင့်တင်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်မယ်လို့လက်ရှိ KySDPပါ တီက အရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲက ပြောပါတယ်။

″ကျေးလက်ပညာရေးနဲ့မြို့ပြပညာရေး။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာလမ်းတွေမပေါက်ဘူး၊ ပြီးရင်ကိုယ်ထူကိုယ်ထပဲ ထူထောင်နေရတယ်အဲ့လိုရှိတယ်ပေါ့။ အဲ့ဒီဒေသကကျောင်းသားလေးတွေလည်းအစိုးရကျောင်းတွေကို ဝင်လာတဲ့အခါမှာ၊ပြောင်းရွှေ့လာတဲ့အခါမှာ၊ ကူးပြောင်းလာတဲ့အခါမှာအဆင်ပြေပြေလွယ်လွယ်ကူကူနဲ့ ပြောင်းရွှေ့ပညာသင်ကြားနိုင်ဖို့ လိုအပ်တယ်ပေါ့နော။ ကျနော်ကြိုးစားချင်တယ်။ အကယ်၍ပြည်နယ်မှာကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လို့ရရင်ရ၊ မရရင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြိုးစားဆောင်ရွက်ရမယ်ဆိုတဲ့အပိုင်း။ ပြည်ထောင်စု Levelမှာသွားရောက်အဆိုပြုတာတွေ၊ တောင်းဆိုတာတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ချမှတ်ဆောင်ရွက်တာတွေလုပ်ဖို့လိုတယ်ပေါ့နော။″လို့ ဦးမောတယ်ခဲက ပြောပါတယ်။

KySDPပါ တီက အရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲ

နောက်အချက်အနေနဲ့ ကေအဲန်ပီပီနဲ့အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးထားတဲ့ကာလမှာထိုင်းနယ်စပ်ဒုက္ခသည်စခန်းကနေ ကျောင်းပြန်လာတက်ဖို့ ပြန်ရောက်လာတဲ့သူတွေရှိပါတယ်။ တစ်ချို့ကျအစိုးရအစီအစဉ်နဲ့ ပြန်လာတာရှိသလို၊အစိုးရရဲ့ အစီအစဉ်ထဲမပါတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်လာရတဲ့မိသားစုတွေလည်းရှိပါတယ်။ တချို့ကအိမ်ဟောင်းရှိလို့၊ တချို့ကျဆွေမျိုးတွေနဲ့အကူအညီနဲ့ပြန်လာတဲ့သူတွေရှိပါတယ်။

ဒါပေမယ့် နှစ်ဖက်အစိုးရကနေသဘောတူပြီးပို့ပြန်တဲ့ ဒုက္ခသည်တွေကိုအစိုးရအနေနဲ့ ထိရောက်တဲ့ ကူညီပေးမှုမရှိခဲ့ဘူးလို့ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုပါတယ်။

″ကျနော်တို့ကဒီပြည်နယ်လေးမှာဆိုရင် သူတို့ပြောတဲ့ ဒုက္ခသည်အိမ်ရာလေးတွေမှာဒီတိုင်းပဲသွားနေတယ်ပြောတယ် ဘယ်သူမှမနေဘူး၊ လိုက်ကြည့်လို့ရတယ်။ အဲ့အတွက်ဆောက်ထားတဲ့အိမ်တွေမှာဘယ်သူမှမနေဘူး။ ကျွဲ၊ နွားတွေပဲနေမယ်။ သူတို့မှာစိုက်ပျိုးစားသောက်ရမယ့် မြေနေရာလုံလုံလောက်လောက်မရှိဘူး။ နောက်တစ်ခုတစ်စုံတစ်ရာရင်းနှီးစားသောက်မယ်ဆိုလည်းရင်းနှီးငွေမရှိဘူး။ လာခါစမှာစားရေးသောက်ရေးနဲ့ ဒုက္ခသည်တွေကိုအိမ်ပေးရုံနဲ့တော့ မလုံလောက်ဘူး။ ဒါထိရောက်မှုမရှိဘူးလို့ ကျနော့်အနေနဲ့ မြင်တယ်ပေါ့နော။ ဒုက္ခသည်တွေကိုထိထိရောက်ရောက်မကူညီပေးနိုင်ဘူးလို့ ကျနော်ကတော့ မြင်တယ်။ ″လို့ ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းဘက်ကျောင်းကနေ အစိုးရကျောင်းပြောင်းလာတဲ့အချိန်တွေမှာလည်း သင်ရိုးညွှန်းတမ်းတွေ မတူညီတော့ ကျောင်းသားတွေအတွက် အဆင်ပြေစေမယ့် သင်ရိုးညွှန်းတမ်းတစ်ခုသို့မဟုတ် ပြန်ဝင်လာတဲ့ကျောင်းသားတွေ လိုက်မီအောင် ပံ့ပိုးပေးနိုင်မယ့် အစီအစဉ်မျိုးလုပ်ဆောင်ပေးသင့်တယ်လို့ မောတခဲကပြောပါတယ်။

သူ့အနေနဲ့လည်းအနိုင်ရလာခဲ့ရင် ဒီလိုအစီအစဉ်တွေကိုကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်ဆောင်ပေးချင်တယ်လို့ ဆိုပါတယ်။

″ဒုက္ခသည်စခန်းမှာသင်ကြားရတဲ့ သင်ရိုးညွှန်းတမ်းနဲ့ မြန်မာပြည်ဘက်ခြမ်းမှာသင်ရတဲ့သင်ရိုးညွှန်းတမ်းတွေ မတူညီတဲ့အခါမှာစာမေးပွဲတွေ ကျင်းပချိန်မှာအဆင်ပြေချောမွေ့တဲ့အစီအစဉ်တစ်ခုပေါ့ကြပ်မတ်ဆောင်ရွက်ပေးဖို့၊ တတ်နိုင်ရင်အထူးအစီအစဉ်မျိုးပေါ့။ ပညာရေးမှာပြန်ဝင်လာတဲ့ကျောင်းသားတွေလိုက်မီအောင်၊မြန်မာပြည်ပညာရေးစနစ်ကို လိုက်မီအောင်အထူးပံ့ပိုးပေတဲ့အစီအစဉ်မျိုးတွေ ဆောင်ရွက်ပေးဖို့လိုတယ်။ ပြည်နယ်အဆင့်မှာလုပ်ဆောင်ခွင့်ရှိတဲ့ဟာတွေ ရှိသလိုလုပ်လို့မရတဲ့ဟာတွေကို ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့လုပ်ဆောင်ပေးချင်ပါတယ်လို့။″လို့ ဆိုပါတယ်။

တချို့ ဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ကျောင်းသားတွေရှိသလိုနယ်စွန်နယ်ဖျားကနေဆင်းရဲဒုက္ခရောက်နေတဲ့ ကလေးတွေပါ တက်ရောက်နေတဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မှာဖွင့်လှစ်ထားတဲ့ ဆယ်တောရိုကျောင်းဟာဆိုရင် ကေအဲန်ပီပီကထောက်ပံ့ပြီးဖွင့်ထားတဲ့ ကေအဲန်ပီပီကျောင်းလို့ဆိုကာအစိုးရကျောင်းကိုဝင်ခွင့်၊ တက်ရောက်ခွင့်မပေးခဲ့ဘူးလို့ ဆရာထူးချစ်ကပြောပါတယ်။

″ဆယ်တောရိုမှာတက်တဲ့ ကျောင်းသူကျောင်းသားတွေကို အစိုးရကျောင်းမှာလက်မခံဘူးဆိုတာဖြစ်ခဲ့တယ်ဒါတွေကအမှန်တရားဖြစ်နေတယ်။ ကျနော်မြင်တာကကျန်တဲ့ကိစ္စတွေ ပြည်နယ်မှာသွေးကွဲအောင်လုပ်တယ်လို့ကျနော်ထင်တယ်။ ကျနော်တို့ဆယ်တောရိုကျောင်းတောင်မှ ကေအဲန်ပီပီကဖွင့်ထားလို့၊ ပံ့ပိုးထားလို့ဆိုပြီးဆယ်တောရိုလိုမျိုးလူငယ်တွေ၊ ဆင်းရဲဒုက္ခရောက်တဲ့ ကလေးတွေ လာနေတဲ့ကျောင်းတောင်မှ အနှောက်အယှက်ပေးတယ်၊ ဒုက္ခပေးတယ်။ ″

ကျေးလက်ဒေသမှာဒီလိုဆင်းရဲဒုက္ခရောက်နေတဲ့ ကျောင်းသား၊ ကလေးတွေကိုကူညီ ပြုစုပျိုးထောင်မယ့် ကျောင်းတွေအများကြီးလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းဆက်လက်မတက်နိုင်ဘဲမူလတန်းကျောင်းပြီးလို့ ကျောင်းထွက်ခဲ့လိုက်ရတဲ့ ကလေးတွေ ကျေးလက်ဒေသဘက်မှာအရမ်းများနေသေးလို့ပါ။

အစိုးရအနေနဲ့ ဒီလိုကျောင်းတွေကို ဖွင့်လှစ်တဲ့နေရာမှာ ထောက်ပံ့ကူညီပေးတာမျိုးမရှိဘဲ အနှောက်အယှက်ပေးနေတာက ပြည်နယ်ရဲ့ ကျေးလက်နဲ့ မြို့ပြရဲ့ ပညာရေးကွာဟချက်တွေထဲက အဓိကအချက်ဖြစ်ပါတယ်။ ကယားပြည်နယ်မှာဆိုရင် လူဦးရေ သုံးသိန်းကျော်ရှိပြီး လေးပုံသုံးပုံဟာ ကျေးလက်နေလူထုတွေဖြစ်ပါတယ်။

spot_img
spot_img

Recent posts