spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခရစ္စတူးဘုရင်ဘုရားကျောင်း ဝင်ရောက်စီးနင်းခံရပြီးနောက် အဖမ်းခံရသူရှိ

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းကို ရဲ၊ စစ်သားအင်အားအများအပြားက ဒီမနက်ပိုင်းမှာ ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် နေ့ခင်းပိုင်းမှာတော့ ဘုန်းကြီး၊ စစ်စတာ၊ ဂရုဏာဆေးခန်းမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

“ကိုယ်တော်ကော စစ်စတာလည်းပါတယ် တူတူခေါ်သွားတာ ရဲကားအငယ် ၂စီးနဲ့ နေ့ခင်း ၁နာရီလောက်ကထင်တယ်။ လူနာတွေလည်းလာခေါ်သွားတယ် ရွှေလွိုင်ကော်ကား ၅စီးနဲ့။ ထ၂ကျောင်းရှေ့ဖက်တစ်ဝိုက်လည်း ခုထိပိတ်ထားလို့ သွားလာလို့မရသေးဘူး။ ဓမ္မရုံဖက်မှာလည်း လူနာတွေရှိတယ် ဘုရားကျောင်းဝန်းထဲလည်း ရှိတယ်။” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

ဘုရားကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားတဲ့ ကရုဏာဆေးခန်းမှာ နေရပ်အသီးသီးမှ ဒေသခံတွေ လာရောက်ကုသမှုခံယူနေကြပြီး လာရောက်ရှာဖွေစီးနင်းပြီးတဲ့နောက် မမေးမမြန်းဘဲနဲ့ လူနာတွေကို ပြောင်းရွှေ့မှုတွေ ပြုလုပ်နေတာရှိတယ်လို့ သိရပါတယ်။

“သူတို့ ဒီမနက်ဆေးခန်းသွားပြကြတာ။ နောက် ရဲတွေ စစ်သားတွေ လာဝိုင်းနေတယ်။ သူတို့ အပြင်ထွက်လို့မရသေးဘူး။ စိတ်တော့မပူနဲ့ ဆိုတဲ့အထိတော့ သူက ဖုန်းနဲ့ စာရေးလာသေးတယ်။ အခုချိန်ထိတော့ အိမ်ပြန်မရောက်ကြသေးဘူး။” လို့ ဆေးခန်းသွားပြပြီး အိမ်ပြန်မရောက်သေးတဲ့ လူနာရှင်ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

ဒေသခံတွေရဲ့မျက်မြင်တွေ့ရှိချက်အရ ကျောင်းတိုက်က ဘုန်းတော်ကြီးအပါအဝင်၊ စစ်စတာ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ ၁၀ယောက်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားတာကိုတော့ မသိရှိရသေးကြောင်း၊ ပြင်ပကနေ ဆေးခန်းလာရောက်ပြသသူတွေလည်း ပိတ်မိနေကြောင်း၊ ဘုရားကျောင်းရှေ့လမ်းမကြီးတစ်လျှောက် ရဲ၊ စစ်သားပူးပေါင်းအဖွဲ့မှ ကားလမ်းပိတ်ဆို့ပြီး နေရာယူထားမှုရှိနေဆဲလို့ သိရပါတယ်။

spot_img
spot_img