ခေတ်သစ် ကယောရိုးရာဝတ်စုံ ယက်လုပ်ခြင်း

စိုးထိုက်အောင်

ဖရူဆိုမြို့နယ်ရဲ့အနောက်ဘက်ခြမ်း ဒေသတော်တော်များများမှာ ဘိုးဘွားအစဉ်အလာကတည်းက ကယောလူမျိုးစုတွေအဓိကနေထိုင်ကြတာဖြစ်ပြီးတော့ အများစုက ရွေ့ပြောင်းတောင်ယာကို လုပ်ကိုင်စားသောက်နေကြပြီးတော့ တစ်ဖက်တစ်လမ်း ဝင်ငွေရအောင် ကယောရိုးရာဝတ်စုံအထည်တွေကို ယှက်လုပ်ကြပါတယ်။

ဖရူဆိုမြို့ပေါ်ကနေ ဟိုယာလမ်းခွဲဘက် သွားမယ်ဆိုရင် ဟိုယာဒေသကို မရောက်ခင် ထေခိုကျေးရွာမှာဆိုရင် အိမ်ခြေ ၉၁အိမ်ကျော်ရှိပြီး ကယောရိုးရာဝတ်စုံယက်ယန်းကို အိမ်ခြေ ၄၆အိမ်ကျော်လောက်က ယက်လုပ်နေကြတာဖြစ်ပါတယ်။

ထေခိုကျေးရွာမှာရှိတဲ့ ကယောရိုးရာဝတ်စုံယက်လုပ်တဲ့ လူတွေဟာ ဘိုးဘွားခေတ်ကတည်းက ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် ဝါဂွမ်းတွေကို စိုက်ပျိုးပြီး အိမ်တွင်းဝတ်ဖို့အတွက်ယက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ယနေ့ခေတ်မှာကတော့ ကိုယ်ပိုင်ဝါဂွမ်းတွေကို စိုက်ပျိုးပြီးယက်လုပ်တဲ့လူတွေကမရှိသလောက်ရှားနေပါပြီ အများစုက ထိုင်းချည်၊ တရုတ်ချည်နဲ့ ဗမာ ချည်တွေနဲ့ကယောရိုးရာအထည်ကို ယက်လုပ်နေကြတာဖြစ်ပါတယ်။

ယခင်က အခြားအရာင် (ပြာ၊ စိမ်း၊ အနက်) များဖြင့် ယက်လုပ်ဝတ်ဆင်ခဲ့ပေမဲ့ ခေတ်ရေစီးကြောင်းအလိုက် ချည်ရှားပါးမှုကို အခါအားလျော်စွာ ကြုံလေ့ရှိပါတယ်။

အဲဒါကြောင့် ယနေ့အထိ အနီစင်းနှင့် အဖြူစင်းများကိုသာ အများသုံး ရိုးရာဝတ်စုံဖြင့် သတ်မှတ်ရခြင်းဖြစ်ပါတယ်။

အမျိုးသား ဘောင်းဘီကို ဖြူနီနက် အစင်းလိုက် ယက်လုပ်ဝတ်ဆင်ရပါတယ်။

ဘောင်းဘီ အထက်၊ အလယ်၊ အောက် အဝိုင်းပိုင်းများကို ချည်အနီ အနက် အစိမ်း အဝါ အပြာများအနက်မှ သုံးမျိုးကို စပ်ချုပ်လေ့ရှိပါတယ်။ အဲဒါက ဖားစည်နောက်ပိုင်းတွင် လုံးဝန်းကို ရစ်ပတ်ထားသော ကြိမ်ချောင်းခေါ် သတ္တုဝိုင်း ပုံစံဖြစ်ပါတယ်။

“ သူတို့လုပ်နိုင်တာကျတော့ အဖြူပဲပေါ့ အမည်းရောင်တွေကျတော့ အစိုးရရောင်းပေးတဲ့ဟာ ရောင်စုံ ဗမာချည်ပေါ့ပြောမယ်ဆိုရင် အခုကျတော့ ဒီဗမာချည်က ခေတ်မမီတော့ဘူလေး ခေတ်မစားတော့ဘူး ဘာလို့ဆို အရောင်ကျွတ်တာတော်တော်များတယ်ကော အခုက တရုတ်၊ ထိုင်းထုတ်တဲ့ချည်တွေသုံးကြတယ်။ ဒါပေမယ့်တရုတ်ထုတ်တဲ့ချည်နဲ့ ၊ ထိုင်းထုတ့်တဲ့ချည်က မတူကြဘူး ထိုင်းထုတ်တဲ့ချည်ကသူ့ဟာပိုခိုင်တယ် အမွေးလည်းမထဘူးလေး။ ရိုးရာချည်ကျတော့ ထူတယ် ဝတ်ရတာလည်းနွေးတယ်။” လို့ထေခိုကျေးရွာမှာ နေထိုင်သူ ဦးမာဖရေးအေ ကာဗြေးလယ်က ပြောပါတယ်။

ဝါဂွမ်းနဲ့ယက်လုပ်တာက ပိုပြီးတော့ ကောင်းပေမဲ့လဲ ဝါဂွမ်းနဲ့လုပ်ဖို့အတွက် ဝါဂွမ်းကိုကြိတ်ရတယ်၊ မွအောင်လုပ်ရတယ်၊ ချည်ဖြစ်အောင်အဆင်ဆင့်ထပ်ပြီးတော့ လုပ်ရတာတွေကြောင့် အခုနောက်ပိုင်းမှာတော့ အသင့်ထုတ်လုပ်ပြီးသားချည်လုံးတွေကိုဘဲ ဝယ်ယူပြီးယက်လုပ်ကြတယ် ဖြစ်ပါတယ်။

အရင်တုန်းက ဆိုရင်ကယောရိုးရာဝတ်စုံကို ယက်လုပ်ဖို့အတွက် ဝါဂွမ်းတွေကို တောင်ယာပေါ်တွေမှာ ဆူးထိုးပြီးတော့ စိုက်ပျိုးရတဲ့စပါးပင်တွေအကြားမှာ စပါးပင်စပြီးတော့ စိုက်ပျိုးရတဲ့အချိန် စပါးနဲ့ရောပြီးတော့ စိုက်ပျိုးကြတယ်တယ်လို့သိရပါတယ်။

ဝါဂွမ်းနဲ့ယက်လုပ်တဲ့ကယောရိုးရာဝတ်စုံတွေက အဖြူရောင်တစ်မျိုးသာ ဝတ်ဆင်ခဲ့ကြတာဖြစ်ပြီးတော့ အခုနောက်ပိုင်းမှာတော့ အရောင်မျိုးစုံနဲ့ကယောရိုးရာအထည်တွေကို ဝတ်ဆင်နိုင်ကြပြီဖြစ်ပါတယ်။ ကယောရိုးရာဝတ်စုံ တစ်စုံကို ယက်လုပ်ဖို့အတွက်ဆိုရင် အနည်းဆုံး ၂-၃ရက်လောက် ယက်လုပ်ရတယ်လို့သိရပါတယ်။

အခုခေတ်ကယောတိုင်းရင်းသားဝတ်စုံတွေကို အစင်းနှင့် ပန်းပွားတွေနဲ့ ယက်လုပ်ပြီး ဗြောင်အဆင်တွေ ယက်လုပ်ဝတ်ဆင်လေ့မရှိကြပါဘူး ။

အကြောင်းကတော့ ရှေးကယောဘိုးစဉ်ဘောင်ဆက်တွေဟာ ဖားစည်ကို အထွတ်အမြတ်ထားတဲ့အတွက် ဝတ်စားဆင်ယင်မှုမှာလည်း ဖားစည်ရဲ့ အငွေ့အသက်ပါလာအောင် အခုလိုပုံစံတွေကို ယက်လုပ်ကြတယ် လို့ဆိုကြပါတယ်။

ရှေးဟောင်း ကယောလူမျိုးတွေရဲ့ ဝတ်စုံကတော့ ခြေ၊ လက်တွေမှာ ကြေးကွင်းတွေပတ်ထားတာတွေ၊ နားရွက်ကြီးအောင်လို့ နားကွင်းကြီးတွေ တပ်ထားကြပါတယ်။

ခြေထောက်မှာကြေးကွင်းပတ်တာက ကယောလူမျိုးတွေက တောင်ကုန်းတောင်တန်းတွေပေါ်မှာ အဓိက နေထိုင်ကြတာဖြစ်တဲ့အတွက် တောင်တက်တဲ့အခါမှာ အဆင်ပြေအောင်လို့ ကြေးကွင်းတွေ ပတ်ကြတာဖြစ်ပါတယ်။

“ (၇)နှစ်ထဲမှာ ၃ရစ် ဥပမာ ထက်သန်တဲ့ကလေးအရွယ်ပေါ့နော် ၃-၄ရစ်ပတ်ပြီးတော့ ( ၈-၉) နှစ်ဝင်ပြီဆိုရင် ၅-၆ရစ်အဲ့လိုမျိုးပတ်ပတ်ပြီးတော့ နောက်ဆုံး (၇-၈)နှစ် ဘာလဲ (၁၂-၁၃) နှစ်ရောက်လာပြီဆိုရင် ၁၂-၁၃ရစ် အများကြီးကုန်တယ်၊ ပြောင်းပြောင်းပေးရတာနဲ့တအားအချိန်ကုန်တယ်လေး ဥပမာ အရွယ်ရောက်ပြီဆိုရင် ပြန်ပြောင်းပေးတယ်။” ထေခိုကျေးရွားမှာ နေထိုင်တဲ့ ကယောရိုးရာအထည်ယက်လုပ်သူ ဒေါ်မာရီယာက ပြုလုပ်ပုံပြောပါတယ်။

နားမှာ နားကွင်းကြီးတွေတပ်ပြီးတော့ နားရွက်ကို ကြီးအောင်လုပ်တာက ရှေးယခင်က ဘုရင်တွေက ချောတဲ့ လူတွေကို ခေါ်သွားတယ်ဆိုပြီးတော့ ရုပ်ပျက်ဆင်းပျက်ဖြင့်အောင် ဝတ်ဆင်ထားကြတယ်လို့လဲ ကယော ရှေးလူကြီးတွေ ထံက သိရပါတယ်။ လက်ရှိမှာတော့ ကယောလူမျိုးတွေမှာ အဲ့လိုမျိုးဝတ်ဆင်ကြတာတွေ နည်းပါးနေပြီဖြစ်ပါတယ်။

ယနေ့အချိန်ထိ ထေခိုကျေးရွာကို ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အိတလီနဲ့ တခြားနိုင်ငံတွေက ကယောရိုးရာဝတ်စုံယက်လုပ်တာနဲ့ပတ်သတ်ပြီးတော့ လာရောက်လေ့လာပြီး သင်ယူတာတွေလဲရှိနေတာဖြစ်ပါတယ်။

ဒေါဥခူရက်ကွက် အုပ်စု(၄)မှာနေ ကယောရိုးရာဝတ်စုံကို နှစ်(၄၀) ကျော် ယက်လုပ်ခဲ့တဲ့ ဒေါ်အေးစိန်က

“ ကိုယ့်ရိုးရာလည်မပျောက်ပျက်အောင်၊ ကိုယ်လဲဝယ်မဝတ်ရအောင်၊ ပွဲလမ်းသဘင်တွေ ဆိုကိုယ့်ရိုးရာကိုယ်ဝတ်၊ ကိုယ့်ဟာကို ကျေနပ်၊ လှသွားတာဘဲလေး အဲ့လိုမျိုးပေါ့ သူများဟာ၊ သူများရိုးရာမဝတ်ချင်ဘူး အဒေါ်တို့က တစ်ချို့ဆို သူ့ရိုးရာ ကယောပေမဲ့ သူ့ရိုးရာသူအလေးမထားဘူး ၊ ရှက်တယ်၊ မဝတ်ချင်ဘူးတဲ့။” လို့ပြောပါတယ်။

လက်ရှိမှာ တစ်ချို့ကယောရိုးရာအထည်ကို ယက်လုပ်တဲ့လူတွေက မိသားစုတွင်းဝတ်ဆင်ဖို့အတွက်ယက်လုပ်တာတွေရှိသလို ၊ တစ်ချို့က ဈေးတွေမှာရောင်းဖို့အတွက်ယက်လုပ်တာတွေ၊ ကယောလူမျိုးစုတွေရဲ့ရိုးရာဝတ်စုံတွေမပျောက်ပျက်အောင် ယက်လုပ်နေကြတာတွေလဲရှိပါတယ်။

ကယောရိုးရာဝတ်စုံတွေက အမျိုးသားဝတ် အကျီတစ်ထည်ကို၂၀၀၀၀၊ ဘောင်းဘီတစ်ထည်ကို ၂၀၀၀၀ကျော် နဲ့အမျိုးသမီးဝတ်တွေက အက်ျ ီတစ်ထည်ကို ၁၇၀၀၀၊ ထဘီတစ်ထည်ကို ၂၅၀၀၀နှုန်းတွေနဲ့ရောင်းနေတယ်လို့ သိရပါတယ်။

ကိုယ့်လူမျိုးရဲ့ရိုးရာမပျောက်ပျက်အောင်လို့ ရိုးယာအထည်ကို ယက်လုပ်နေတာဖြစ်တယ်လို့ ဒေါ်အေးစိန်က ပြောပါတယ်။

“ ကိုယ့်ကယောလူမျိုးရဲ့ဘာလဲ ရိုးရာပေါ့နော် မပျောက်အောင်ပေါ့နော် နောက်ဒီဟာလဲ လက်မှုဆိုတော့ မပျောက်အောင်ဆို ကလေးတွေကိုလဲ အကုန်သင်ပေးတယ်။” လို့ပြောပါတယ်။

ကယောလူမျိုးတို့ရဲ့တစ်နှစ် တစ်ကြိမ်ပြုလုပ်လျက်ရှိတဲ့အမျိုးသားနေ့မှာ ကယောရိုးရာအထည်ယက်ကန်းပြိုင်ပွဲတွေကို ပြုလုပ်ပြီးတော့ ရိုးရာအထည်ယက်လုပ်မှု မပျောက်ပျက်အောင် ထိန်းသိမ်းနေတယ်လို့လဲ သိရပါတယ်။

ရိုးရာဝတ်စုံကို ကယောလူမျိုးတွေက ခရစ်စ္စမတ်ပွဲ နဲ့တစ်ခြားပျော်ပွဲ ရွှင်ပွဲတွေမှာ ဝတ်ဆင်ပြီးတော့ ကတာတွေလဲ ရှိပါတယ်။

Comments

comments

Next Post

ဒီမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု တောင်သူတွေ မိုးမကျမှီ လယ်ယာလုပ်ကိုင်ခွင့်ရရှိဖို့ စောင့်ဆိုင်းနေ

Thu May 28 , 2020
ကန္တာရဝတီတိုင်း(မ်) ဒီမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၆၇) ဦးပိုင်အမှတ် (၁) (ပ.လ.ဖ) စိုက်ကွင်းမှာ အခကြေးငွေနဲ့ တောင်သူတွေက မိုးမကျမှီ လယ်ယာလုပ်ကိုင်ခွင့် ပြန်လည်ရရှိဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။ အဲဒီ (ပ.လ.ဖ)စိုက်ကွင်းမှာ ၂၀၀၈ခုနှစ်မှာ တောင်သူ သုံးဦးကနေ စငှားလာပြီး ၂၀၁၀ခုနှစ်မှာတော့ ဘုရားဖြူကျေးရွာအုပ်စုကတောင်သူတွေက စိုက်ကွင်းတာဝန်ခံကို အခကြေးငွေနဲ့ ငှားရမ်းစိုက်ပျိုးလာခဲ့ပြီး အခုလို စိုက်ပျိုးချိန်မမှီပါက အခက်အခဲရှိနိုင်တယ်လို့ ဘုရားဖြူကျေးရွာမှာနေထိုင်တဲ့ ဦးကြီးညိုက ပြောဆိုပါတယ်။ “ဒီကျေးရွာက တခြားစိုက်ပျိုးစရာလည်းမရှိဘူးကော လယ်ပဲအားကိုးစရာရှိကော ဒီလယ်မလုပ်ရရင်တော့ ကျန်းမာရေးကော စီးပွားရေးကော ပညာရေးကော အခက်အခဲရှိတာပေါ့” လို့ ဦးကြီးညိုက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ (ပ.လ.ဖ) စိုက်ကွင်းမှူးက လျှော်ဖြူစိုက်ပျိုးဖို့ ဘုရားဖြူကျေးရွာက တောင်သူတွေ […]