spot_imgspot_imgspot_imgspot_img
Saturday, June 21, 2025
spot_imgspot_imgspot_imgspot_img

ခြေတစ်ဖက်ဆုံးရှုံးသွားပေမယ့် ကျန်တဖက်နဲ့ အာဏာရှင်ကို ဆက်ပြီး တော်လှန်သွားချင်တဲ့ ခူးရယ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားလာခဲ့တာ ယနေ့အချိန်ထိပါပဲ။ တိုက်ပွဲအတွင်း ကျဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိလာခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ခြေတစ်ဖက် ဆုံးရှုံးသွားရတဲ့ KNDF တပ်ရင်း (၆) မှ ခူးရယ်( နာမည်လွဲ) လည်း ပါဝင်ပါတယ်။

ခူးရယ်ဟာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာထဲ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကင်းလှည့်ရင်းနဲ့ မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ ခြေထောက် မဆုံးရှုံးခင်မှာ သူဟာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦး ဖြစ်ပါတယ်။

ခူးရယ်ကတော့ KNDF စတင်ဖွဲ့စည်းတဲ့ အချိန်မှာပဲ ဝင်ရောက်ခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ချိန်မှာ ပြည်သူတွေကို လက်နက်နဲ့ ပြန်လည်ခုခံခဲ့တဲ့အတွက် အာဏာရှင်တော်လှန်ဖို့ ရဲဘော်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်ဆည်ကန်တိုက်ပွဲ၊ ဒီးမော့ဆို ကုန်းသာတိုက်ပွဲ၊ ခြောက်မိုင် ဒေါပိုးစီတိုက်ပွဲ စုစုပေါင်း တိုက်ပွဲ ၃ကြိမ် သွားခဲ့ဖူးပြီး လက်ရှိမှာတော့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရပေမယ့် စိတ်ဓာတ်မကျပဲ ရှိတဲ့ မောင်းပြန်တစ်လက်နဲ့ တိုက်ပွဲပြန်ဝင်ချင်တဲ့ ရဲဘော် ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိ ရဲဘော်ခူးရယ်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ “ဒီအရေးတော်ပုံ အမြန်ဆုံးအောင်ဖို့ပဲပေါ့။”

spot_img
spot_img