ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်နက်ကိုင်အားလုံးပါဝင်ဖို့ ကယန်းပြည်သစ်ပါတီတောင်းဆို

0
844

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကြိုးပန်းမှုဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအားလုံး ပါဝင်ခွင့်ပေးသင့်ကြောင်း ကယန်းပြည်သစ်ပါတီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ရက်စွဲနဲ့ ကယန်းပြည်သစ်ပါတီကနေ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေငြာချက်မှာ တောင်းဆိုထားတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အနာဂတ်ပြည်ထောင်စုသစ်တည်ဆောက်ရေးနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖော်ဆောင်တဲ့နေရာမှာ အကြံပြုသဘောမျိုးနဲ့ သဘောထားထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဦးရဲခေါင်ကဆက်ပြောပါတယ်။