spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

စစ်တပ်မှ တောင်သူများအပေါ် ဖမ်းဆီးခြင်း၊ အမှုဖွင့်ခြင်း ဖြေလျော့ပေးရန် ဒေသခံပါတီမှတောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာ့တပ်မတော်မှ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ တောင်သူများကို အမှုဖွင့်တိုင်ကြားခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများပြုလုပ်ထားသည့်အပေါ် တောင်သူများက အသနားခံတင်ပြထားသည့်အတွက် ဖြေလျော့ပေးနိုင်ရန် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက တောင်းဆိုလိုက်ပါသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဥက္ကဌ ဦးဖိုးရယ်က “သူတို့စာတင်တာက တကယ့်တောင်သူတွေရဲ့ ခံစားချက်ပေါ့။ သူတို့က လုပ်ပြီးပြီ ဒါပေမယ့် ပြသနာတက်လာတော့ သူတို့ မဆုံးရှုံးချင်ဘူး။ ဒါပေမယ့် အခုလိုဖမ်းဆီးအရေးယူလာတော့ သူတို့အနေနဲ့ ဖမ်းဆီးအရေးယူတာတွေ ဖြေလျော့ပေးဖို့ပေါ့။ ဒါကြောင့် သူတို့ ဆန္ဒကို ပြန်လှည့်ကြည့်ပေးဖို့ပေါ့။ သူတို့အတွက်ပေါ့။” ပြောပါသည်။

ကယားပြည်နယ်အတွင်းရှိ မြေယာ ပြသာနဖြစ်ပွားနေသော ကျေးရွာများမှ ရပ်မိရပ်ဖများက အရှေ့ပိုင်းတိုင်းတိုင်းမှူးနှင့် ဒ.က.စ မှူးထံ သို့ အသနားခံစာကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ၊ ရက်စွဲဖြင့်တင်ပြခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

တောင်သူများအပေါ် အမှုဖွင့်တိုင်ကြားမှုနှင့် တရားစွဲဆိုမှုကို သက်ညှာပေးရန်၊ တောင်သူလယ်သမားများ၏ ဘဝကို စာနာ နားလည်ပေးရန်၊ ယင်းမြေနေရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ ဆက်လက်လုပ်ကိုင်ခွင့်ပြုပေးရန် တောင်သူများက တောင်းဆိုထားကြသည်ဟု သိရသည်။

ထို့အတွက်ကြောင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် တောင်သူများတောင်းဆိုချက်များအတိုင်း ရပ်တည်ပြီး ဆက်လက်ဆောင်ရွက်ပေးရန် ထပ်ဆင့်တောင်းဆိုခြင်းဖြစ်သည်ဟု ဇူလိုင်လ ၁ ရက်နေ့တွင် သဘောထား ထုတ်ပြန်လိုက်ပါသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်နယ်တွင်း မြေယာပြသနာဟာ မူရင်း ဌာနေ တွေအတွက်အရမ်းနစ်နာတယ်။ ကယ်လို့ တရားမျှတမှုနဲ့ အောက်ခြေပြည်သူတွေရဲ့ ဘဝကိစ အဝအဝကို သိတတ်နားလည်တယ်ဆိုရင် ဖြေလျော့စေချင်တယ်။” ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါသည်။

ဇွန်လ ၂၁ ရက်နေ့က လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာဘက်တွင် တပ်သိမ်းမြေယာကိစ္စနှင့်ပတ်သက်ပြီး တောင်သူနှင့် စစ်တပ် အငြင်းပွားမှု အပြီး ညသန်းခေါင်ယံတွင် တောင်သူ၂ ဦးကို လွိုင်ကော် ရဲစခန်းက လာရောက်ရှာဖွေဖမ်းဆီးသွားခဲ့သည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာမှ တောင်သူများကို စစ်တပ်မှ အကျိုးပျက်စီးစေသည့် ပုဒ်မနှင့် ပိုက်နက်ကျူးကျော်မှု ပုဒ်မတို့ဖြင့် ဒီးမော့ဆိုမြို့မ ရဲ့စခန်းသို့ ဇွန်လ ပထမအပတ်က အမှုဖွင့် တိုင်ကြားထားသည်။

spot_img
spot_img
spot_img

Recent posts