စစ်ဘေးရှောင်များ၏ ဒုက္ခကို မေ့ပျောက် မရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

ထ ျို းမြာ

နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ပြေးလွှားနေကြသည့် ဒုက္ခသည်များ နိုင်ငံအတွင်း ရှိနေပြီး ၎င်းတို့၏ ဒုက္ခများကို မေ့ပျောက်၍ မရနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၃၁ ရက်က ၊ နေပြည်တော်ရှိ MICC-2 ခန်းမတွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “သူတို့အားလုံးရဲ့မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မရဲ့မဝံ့နဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျမတို့တွေမေ့လို့မရပါဘူး” ဟု ပြောကြားခဲ့သည်။

သို့ဖြစ်၍ နိုင်ငံရေး ပြသနာများကို နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာနိုင်ရန် အတွက် ၂၁ ပင်လုံညီလာခံမှ တဆင့် ငြိမ်းချမ်းရေး လမ်းကို စတင် လျှောက်လှမ်းလိုက်ပြီဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် မငြိမ်းချမ်းသေးသော ဒေသများတွင် ရှိသည့် တိုင်းရင်းသား၊ တိုင်းရင်းသူများကလည်း ဩဂုတ် ၃၁ ရက်က စတင်သည့် ညီလာခံ မည်ကဲ့သို့ ဖြစ်လာမည်နည်း ဆိုသည်ကို အားကိုးတကြီး စောင့်မျှော်နေကြသည်ဟုလည်း ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် မြန်မာ- ထိုင်းနယ်စပ်ရှိ ကရင်နီ စစ်ဘေးရှောင် ဒုက္ခသည်များ အနေဖြင့် ညီလာခံအပေါ် မည်သို့ မျှော်လင့်ချက် ထားကြောင်း ကန္တာရဝတီတိုင်းမ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အမြဲတမ်းဗဟိုကော်မတီဝင် ရဲဘော် အောင်မြကို မေးမြန်းခဲ့ရာ “ သိမ်မမျှော်လင့်ဘူး။ သူတို့ကပြန်ချင်တာပဲ။ တရားမျှတစွာရှိဖို့ ကိုယ့်ရွာမဟုတ်ရင်တော်မှ တစ်နေရာလောက်ဘယ်သူကနေရာရှာပေးမလဲ။ ဘယ်သူကစားဝတ်နေရေးရှာပေးလဲ။ လုံခြုံရေးဘယ်သူကတာဝန်ယူမလဲ။ ကလေးတွေရဲ့ပညာရေးကျန်းမာရေးကိစ္စ အများအများကြီးပဲ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဒုက္ခသည်များ အရေးကိစ္စသည် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့များ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရအားလုံးနှင့် သက်ဆိုင်သကဲ့သို့ တစ်ကမာ္ဘလုံးနှင့်လည်း သက်ဆိုင်သည့် အရေးဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ကရင်နီဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး လက်ရှိတွင် နိုင်ငံတကာက ယခင်ထက်စာလျှင်အခြေအနေပိုကောင်းလာပြီဟု ထင်ကြသော်လည်း လက်တွေ့တွင်ပိုကောင်းလာပြီဟုပြော၍ မရသေးကြောင်းလည်း ကရင်နီဒုက္ခသည် ကော်မတီ (KnRC) ဥက္ကဌ စောမန်းစောကပြောသည်။

“နိုင်ငံတကာကတော့ မြန်မာပြည်ရဲ့လက်ရှိအခြေအနေကို ကောင်းလာပြီလို့ပြောကြတယ်ပေါ့နော။ အဲ့ဒီတော့အထောက်အကူတွေနည်းသွားတာပေါ့နော။ ထောက်ပံ့တဲ့သူတွေက ပြည်တွင်းဘက်ကို လှည့်လာတာများလာတယ်။” ဟု ၎င်းက ပြောသည်။

၎င်းဒေသဘက်တွင် နေထိုင်သောပြည်သူများသည် အဆင်ပြေမှုနည်းနေသေးသော်လည်း မြန်မာပြည်သို့ပြန်လာချင်စိတ်မရှိကြသေးသည့်အပြင် တတိယနိုင်ငံသို့ဆက်သွားရန်ဆန္ဒရှိကြသကဲ့သို့ ထိုင်းနို်င်ငံဘက်တွင်သာ ဆက်နေထိုင်လိုသူများနေကြသည်ဟု စောမန်းစောက ပြောသည်။

“ လူတိုင်းကတော့ သူ့အိမ်ကို သူပြန်ချင်ကြတာပေါ့နော။ ဒါပေမဲ့ ပြန်မယ့်အိမ်ကလည်း လုံခြုံမှုရှိမယ်။ ငြိမ်းချမ်းမယ်ဆိုရင်တော့ လူတိုင်းကတော့ ပြန်မှာပဲ ဒီလိုမှမဟုတ်ရင်တော့ ဘယ်သူမှ ပြန်ချင်မှာမဟုတ်ဘူး။”ဆိုသည်။

အစိုးရသစ်လက်ထက်တွင် မိမိတို့အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီဟု မျှော်လင့်ရသော်လည်း လက်ရှိအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရကြား အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ်ကို သေသေချာချာလုပ်ထားမည်ဆိုလျှင် ပိုသေချာလိမ့်မည်ဟု ၎င်းကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း NCA လက်မှတ် မရေးထိုးရသော အဖွဲ့များ ပါဝင်လာရန် အစိုးရသစ် လက်ထက်တွင် ကြိုးစားနေသည်ဟုလည်း ၂၁ ရာစု ပင်လုံ အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

Comments

comments

Next Post

တပ်မတော်က အစိုးရလက်အောက် ရောက်ရှိမှသာ ယုံကြည်နိုင်မည်ဟုဆိုု

Wed Sep 7 , 2016
ထျိူ းမြာ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက အစိုးရတပ်မတော်သည် ဒီမိုကရေစီနည်းလမ်းကျကျ အရပ်သားအစိုးရ လက်အောက်သို့ အသွင်ကူးပြောင်းမှသာ ပိုမိုယုံကြည်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ-ဥက္ကဌနိုင်ဟံသာက ပြောသည်။ “တပ်မတော်ကလည်း ဒီမိုကရေစီနည်းကျကျ အစိုးရလက်အောက်မှာနေရမယ်။ အရပ်သားဦးဆောင်မှုအောက်မှာ လက်ခံနေရမယ်ဆိုတဲ့ အနေအထားမျိုးရှိရမယ်။ အဲ့ဒါကိုရော တပ်မတော်ကအကောင်အထည် ဖော်နေပြီလားပေါ့။ တပ်မတော်က၂၀၀၈ကိုပဲ ကိုင်ထားပြီးတော့ လွှတ်တော်မှာလည်း၂၅ ရာခိုုင်နှုန်း၊ အစိုးရ မှာလည်း သုံးနေရာ၊ ကာလုံမှာလည်း လွှမ်းမိုးထားတယ်။ ဒီလိုအနေအထားမျိုးမှာ အန်ကယ်တို့ ဘယ် လို ယုံကြည်ရ မလဲ။ ယုံကြည်မှုဆိုတာကတော့လက်တွေ့အပေါ်မှာမှယုံကြည်လို့ရမှာလေ” ဟု ၎င်းက ပြောသည်။ တပ်မတော်သားအစုအဖွဲ့ကိုယ်စားဗိုလ်မှူးကြီး နေလင်းထွန်းက တပ်မတော်၏သဘောထားရပ်တည်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်နှင့်မညီဟု သုံးသပ်မည့်အစား အဖွဲ့အစည်းများ၏ […]