spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မယ်လို့ KNSO (ကြယ်ဖြူ) တရားဝင်ကြေညာ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီ ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ တော်လှန်တိုက်ခိုက်သွားမယ်လို့ အပစ်ခတ်ရပ်စဲရေးယူထားတာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တဲ့ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) (ခေါ်) ကြယ်ဖြူ က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

KNSO အတွင်းရေးမှူး စောသက်စံက “သဘောထားက စာထုတ်ပြန်တဲ့အတိုင်းပဲ၊ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရင်ကတည်းက ပူးပေါင်းခဲ့သလို ခုလည်း ပူးပေါင်းနေဆဲဘဲ။ ကရင်နီပြည်တစ်နယ်တည်းမက ပြည်မကပြည်သူတွေ ကျနော်တို့ဒေသထွက်သတ္တုလုပ်ငန်းကို မှီခိုအားထားရတယ်။ ပြည်သူအိုးအိမ်၊ စီးပွားရေးထိခိုက်မှာစိုးလို့ ငြိမ်းချမ်းရေးနဲ့ထိန်းထားတာပါ။ အာဏာသိမ်းပြီးကတည်းက မော်ချီးနဲ့ ခဲမဖြူ ခွင်တွေမှာ ကျနော်တို့ အုပ်ချူပ်ရေးချထားတာ ခုချိန်ထိပါ။” လို့ ဆိုပါတယ်။

KNSO ဌာနချုပ်ရုံး အခြေပြုရာ ခဲမဖြူကျေးရွာအတွင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ မော်ချီးဒေသ လူထုရှိရာ ကျေးရွာတွေကို ရှော့တိုက်ဒုံး များနဲ့ပစ်ခတ်တာဟာ စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

KNSO နယ်မြေအတွင်းက ဒေသခံလူထုတွေအနေနဲ့ စစ်ကောင်စီက လေယာဉ်ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာရှိတဲ့အတွက် လုံခြုံရေး ကရုစိုက်နေကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။

“စိုးရိမ်မှုတော့ အနည်းနဲ့အများရှိကြပါတယ်။ ကြိုတင်တွက်ဆပြီးသားပါ။ ကျနော်တို့ ထုတ်ပြန်စာထုတ်ပြီးနောက်ပိုင်း ယခင်ကထက်ပိုပြီး လုံခြုံရေး ကရုစိုက်ကြပါ။ ဗုံးခိုကျင်း၊ စားနပ်ရိက္ခာ၊ဆေးဝါး၊ သွားလာရေး၊ သတိရှိကြပါ မပေါ့ဆကြပါနဲ့။ လိုအပ်ရင် (KNSO) အုပ်ချူပ်ရေးအဖွဲ့တွေနဲ့ဆက်သွယ်ပါ။” လို့ KNSO အတွင်းရေးမှူး စောသက်စံက တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှု နောက်ဆက်တွဲ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်တွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်အားကိုးပြီး အင်အားသုံးတိုက်ခိုက်လာတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့ကနေ ခွဲထွက်ခဲ့ပြီးနောက် ၂၀၀၂ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ အစိုးရ နဲ့ ငြိမ်းချမ်းရေးယူပြီး ကရင်နီပြည်၊ လိုပွါခိုခရိုင် (မော်ချီးဒေသ)အတွင်း ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

spot_img
spot_img