spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက စစ်ကြောင်းအဆက်မပြတ်ထိုးစစ်ဆင်လာနေတဲ့အတွက် ပြည်သူတွေ သတိထားကြဖို့KNDFဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ စစ်ကောင်စီကနေပြီး အဆက်မပြတ် ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတဲ့အတွက် ပြည်သူတွေ အနေနဲ့ သတိထားနေကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကျနော့်အထင်ကတော့ ဒါတိုက်ပွဲတွေ ဆက်ရှိမယ်။ ဒါကတော့ ငြင်းလို့မရဘူး။ ဖြစ်လည်းဖြစ်နေဆဲပဲပေါ့နော။ ဒါက တစ်ကန့် ပေါ့လေ။ တိုက်ပွဲဆက်ဖြစ်မယ့်ဟာက။ ပြင်းပြင်းထန်ထန်ဖြစ်မယ့်ဟာတစ်ကန့်။ နောက်တစ်ကန့် ကတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းကတော့ ဒါတွေ့သမျှလူတွေကို သတ်မယ်။ တွေ့သမျှဖမ်းမယ် ဆီးမယ် ဆိုတဲ့အနေအထားမှာ ဖြစ်နေတဲ့အတွက် ကျနော်တို့ လူထုတွေက ပိုပြီးတော့ သတိထားနေကြဖို့ပဲကျနော်ကတော့ ပြောချင်ပါတယ်ဗျ။ “ လို့ KNDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့(မတ်လ ၅ရက်) ကတည်းကနေ ဒီမနက်အထိ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်မှာ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ ဒီမနက်လည်း တိုက်ပွဲအစောကြီးထဖြစ်သေးတယ်။ ဘယ်နားထိရောက်ပြီလဲဆိုတာတော့ ရှေ့တန်းမြေပြင်သတင်းက ကျနော်တို့ဆီမပို့သေးဘူး။ ကျောက်ဆည်ကန်မှာက တိုက်ပွဲဖြစ်နေတယ်။ အခုလည်း ဖြစ်နေတာပေါ့နော။ “ လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့က တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ဖက် ရဲဘော်လေးဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဖက် (၃၅)ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ညပိုင်းမှာလည်း စစ်ကောင်စီကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်ကလည်း အင်အားအများအပြားနဲ့ ဆက်လက် ထိုးစစ်ဆင်နေပါတယ်။

လက်ရှိမှာ ပြည်သူတွေဟာဆိုရင်လည်း နှစ်နေရာ၊ သုံးနေရာထိ ရွေ့ပြောင်းစစ်ရှောင်နေရပြီး ကရင်နီပြည်နယ်မှာဆိုရင် စစ်ရှောင် တစ်သိန်းခုနစ်သောင်း ရှိနေတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲပေါင်း ၁၈၇ကြိမ်ဖြစ်ပွားနေပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က မတ်လ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts