spot_imgspot_imgspot_imgspot_img
Monday, October 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီထုတ်ပြန်ချက်အပေါ် ကရင်နီဒေသက လက်နက်ကိုင်တချို့ရဲ့ ပြောဆိုချက်



PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့ အဖွဲ့တွေကို လက်နက်ချပြီး ပြည်သူဘဝအနေနဲ့ ပြန်လည်နေထိုင်ဖို့ ဇွန်လ ၁၂ရက်နဲ့ ၁၄ရက်နေ့တွေမှာ စစ်ကောင်စီက ထုတ်ပြန်ချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ ကရင်နီပြည်မှာတော့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး ကရင်နီပြည်က လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့ရဲ့ သဘောထားကို ကန္တာရဝတီတိုင်း ( မ် )က မေးမြန်းထားပါတယ်။


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF )

“ကျနော်တို့ကတော့ အဓိက ဒီ စစ်အာဏာရှင်စနစ်တစ်ခုကို ကျနော်တို့ ဖျက်သိမ်းချင်လို့ ကျနော်တို့ တော်လှန်ရေး လုပ်တာဖြစ်တယ်။ အဲ့ကြောင့် ဒီ စနစ်တစ်ခု မပြိုမကျ မချင်းတော့ ကျနော်တို့ တော်လှန်ရေး ဆက်လုပ်နေမှာပဲပေါ့။ တော်လှန်ရေးကို အားနည်းစေမယ့် ငြိမ်းချမ်းရေးပဲ ပြောပြော ၊ ဆွေးနွေး မှုပဲ ပြောပြော၊ လက်နက် အပ်နှံရေးပဲ ပြောပြော အဲ့တာတွေကတော့ ကျနော်တို့ လုပ်မှာ မဟုတ်ဘူးပေါ့နော။ ကျနော်တို့ အဓိက စနစ်ကို တိုက်တာဖြစ်တယ်။ စနစ် တစ်ခု ပြောင်းလဲနိုင်မှပဲ တော်လှန်ရေးက ပြီးဆုံး အောင်မြင်မှာဖြစ်တယ်ပေါ့။ အဲ့ဒါ ကြောင့်မလို့ အဲ့ဒီ ဖိတ်ခေါ်မှုတွေ ဖြစ်ဖြစ် ကျနော်တို့ ဘားမှ တုံ့ပြန်ဖို့ အစီအစဉ် မရှိပါဘူးခင်ဗျ။”


ကရင်နီတော်လှန်ရေး တပ်ပေါင်းစု ( KRU )

“အဲ့ဒါကတော့ ကျနော်တို့ ၁၀၀ရာခိုင်နှုန်း လုံးဝ လုံးဝ ကျနော်တို့ဖက်က မဖြစ်နိုင်ဘူးပေါ့နော။ ကျနော်တို့ တော်လှန်ရေးလို့ စလုပ်လိုက်တဲ့ အချိန်ကတည်းက ကျနော်တို့မှာ အများကြီး ပေးဆပ်ထားတာတွေ ရှိတယ်။ ဆုံးရှုံးထားတာတွေ ရှိတယ်။ ရင်းနှီးမြှပ်နှံ ထားတာတွေ ရှိတယ်။ ဒီအတွက် ဒီအချိန်ကာလကို ကြည့်ပြီးတော့ မှ ကျနော်တို့က ဘယ်တော့မှ လက်နက် ချပြီးတော့မှလည်း ဝင်မှာ မဟုတ်ဘူး။ ဘယ်သောအခါမှလည်း ကျနော်တို့ အရှုံးမပေးဘူး။ ဆက်လက် ကျနော်တို့ တိုက်ပွဲဝင်မယ်။ ဆက်လက်တောင့်ခံ မယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ကျနော်တို့ ဆက်လက်တောင့်ခံမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီအကြမ်းဖက် စစ်ကောင်စီကို မလိုချင်လို့ ကျနော်တို့ တော်လှန် နေတဲ့အတွက်ကြောင့်မလို့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဘယ်အရာမဆို ဘယ်တော့မှ ညှိနှိုင်းမှာ လည်း မဟုတ်ဘူး။ ဆက်လက် ကျနော်တို့ အမြဲတမ်းတော်လှန်နေမှာပဲ။”


ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP )

“ဒါကတော့ သူတို့ရဲ့ နိုင်ငံရေးအရ ထိုးစစ်ဆင်တာ တစ်ခုပဲ ဒီ အစိုးရ အဆက်ဆက်က ဒီလိုပဲ လုပ်လာတယ်။ ဒီတိုင်းရင်းသားတွေကို ဖြိုခွဲဖို့ ဆိုတာက စစ်ရေးအရ ပြောလို့ရတယ်။ နောက်ပြီးတော့မှ သွေးခွဲမှုကို သူတို့လုပ်လာတယ်။ နောက် နိုင်ငံရေး အရ သူသွေးခွဲမှုတွေ လုပ်လာတယ်။ ဒါက နိုင်ငံရေး စစ်ဆင်ရေး တစ်မျိုးပဲ။ အခု သူတို့ အဲ့ဒီလိုမျိုးခေါ်တာက PDFတွေ အင်အားကျလာအောင် သူလုပ်ဆောင်တာပါတယ်။ နောက်ပြီးတော့မှ ကွဲအောင် ဥပမာ PDFတွေအချင်းချင်းကွဲအောင်၊ တိုင်းရင်းသား တွေ ကွဲအောင်လည်း သူ့ရဲ့ လှုပ်ရှားမှု တစ်ခုပဲ။ အဲ့ဒါတွေ ကြားထဲမှာ တကယ်တမ်း စစ်အာဏာရှင် အောက်မှာ မနေချင်တဲ့လူ တွေက ဒီဟာကို သတိထားရမယ်။ ပြီးရင် ကိုယ့်ရဲ့ ခံယူချက်ကဘာလဲ ကိုယ့်ရဲ့ မျှော်လင့်ချက်က ဘာလဲ အဲ့ဒါကို တစ်စိုက်မတ်မတ် သတိပြုနေရမယ်။”

spot_img
spot_img