spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ယနေ့ (ဇွန် ၇ ရက် ) မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်မှ ဝါရီကောခူကနေ မိုးဗြဲမြို့အတွင်းကို စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ တဖက်သတ် ရမ်းသန်းပစ်ခတ်ကာ ပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့သလို ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒီမနက်က ဖြစ်သွားတာပေါ့ မြို့ထဲဝင်ရင်းနဲ့ သေနတ်တွေ ရမ်းသမ်းပစ်တာ။ အဲဒါမျိုးတွေ ။ အဲဒါဖြစ် ပြီးတော့မှာ လက်နက်ကြီးတွေ လက်နက်ငယ်တွေ ပစ် ရမ်းသမ်းပစ်တာ။ ခေါင်ဆိုင်ရောင်းတဲ့ သူတယောက်တော့ ရမ်းသမ်းပစ်ရင်းနဲ့ သူ့ကို ထိသွားတာပေါ့ ကျန်တဲ့ ၂ ယောက် ၃ ယောက်တော့ ဒဏ်ရာရတယ် မတွေ့တော့ အသေအချာ မသိဘူး ”လို့ အဆိုပါ ဒေသခံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူမှာ အသက် (၆၀) ဝန်းကျင် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၂ ဦးမှာလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

“နှစ်ဖက်ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်တာတော့ ခဏလေးပဲ။ စစ်ကောင်စီဖက်က တဖက်သတ်ပစ်တာ များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်ဖက်က အင်အား (၁၀၀) ကျော်ဟာ မိုးဗြဲမြို့တွင်းရှိ ရပ်ကွက်အနှံ့မှာ ဝင်ရောက်နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဖက်က လွိုင်ကော်မြို့ရှိ အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မိုးဗြဲမြို့တွင်း၊ မြို့ပြင် တစ်ဝိုက် လက်နက်ကြီးတွေ ကျလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ- Mobye Rescue Team

spot_img
spot_img