spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်ထဲက မသန်စွမ်းအမျိုးသမီးအပါအဝင် ၂ဦး ထိမှန်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း- ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်းကနေ လွိုင်ကော်မြို့နယ်အတွင်းကို ဒီကနေ့ (ဩဂုတ်လ ၃၁ရက်) မနက် ၁၀နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီးနောက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄လုံးဟာ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာထဲကို ၂လုံးကျရောက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး ထိမှန်ပြီး ထိခိုက်မိသူထဲက နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ မသန်စွမ်းအမျိုးသမီးမှာ အသက် ၃၈နှစ်ရှိပြီလို့ သိရပါတယ်။

“လက်နက်ကြီးက မိုးဗြဲဖက်ကနေ လှမ်းထုလာတယ်။ ကျနော့်ညီမက သူအိမ်မှာပဲ သူက မသန်စွမ်းပေါ့။ ဘားမှလည်းမလုပ်နိုင်ဘူး။ နောက် သူ့ကိုလာထိသွားတာပေါ့။ သူကမသန်စွမ်းဖြစ်တော့ ဘယ်မှလည်း မသွားနိုင်ဘူး။ ခေါင်းတည့်တည့်မှန်သွားတယ် တခါတည်းပွဲချင်းပြီးသွားတယ်ပေါ့။”လို့ လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ မိသားစုတော်စပ်သူတစ်ဦးက ပြောပါတယ်။

ကျန်သေဆုံးတဲ့ အမျိုးသားတစ်ဦးကတော့ အသက် ၄၇နှစ်အရွယ်ဖြစ်ပြီး လက်နက်ကြီးထိမှန်ပြီးနောက် ဆေးရုံကို ပို့ဆောင်နေစဉ်မှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အစ ပထမတစ်လုံးကျတာက အရှေ့ဘက်လမ်းအနီးတစ်လမ်းမှာ ကျတယ်။ ကျတော့ ဘယ်နားကျလဲဆိုတာ သူမတွေ့လို့ သူလမ်းပေါ်ကနေ ထွက်ပြီးမှ ဖုန်းခေါ်လိုက်တာ။ ဖုန်းခေါ်ရင်းနဲ့ သူ့နားမှာ တလုံးထပ်ကျလာတယ်။ သူ့ကိုထိသွားတယ်။ ထိတဲ့နေရာနဲ့ သူနေတဲ့နေရာက ပေ၅၀ တောင်မရှိဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လူထိခိုက်သေဆုံးမှုအပြင် ဒေသခံနေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။ ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးကတော့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေထဲကို အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

spot_img
spot_img

Recent posts