spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှာ စိုးရိမ်လို့ တောထဲမှာ သွားဖွက်ထားခဲ့တဲ့ စပါးတွေ ပျက်ဆီးဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှုရန်ကို ကြောက်ပြီးတော့ သူတို့ရဲ့ ဆန်စပါးတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ သွားဖွက်ထားကြပါတယ်။

ဒီမော့ဆို အရှေ့ ဘက်ခြမ်းက ထီးဖိုးကလိုးနဲ့ ဒေါကလော်ဒူ ကျေးရွာအုပ်စုတွေက ဒေသခံတွေဟာ သူတို့ရဲ့ ဆန်စပါးတွေကို ပြီးခဲ့တဲ့နှစ် ဧပြီလလောက်ကစပြီး တောထဲတွေမှာနဲ့ စစ်ကောင်စီ စစ်ကြောင်း မရောက်နိုင်တဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ရှိရာ ကျေးရွာတွေမှာ သွားရောက်ဖွက်ထားခဲ့ကြတာပါ။

“ဒီစစ်ကောင်စီတွေက အကယ်၍ စစ်ကြောင်း ထိုးလာခဲ့ရင် စစ်ကောင်စီတွေက ပြည်သူတွေရဲ့ စားနပ်ရိက္ခာ တွေကို ခိုးယူသည် သာမက အဆိုးဆုံး ရန်သူငါးပါးထဲမှာ မီးတွေဘာတွေ ရှို့ တဲ့အထဲက ဒီကျွန်တော်တို့ စားဝတ်နေရေး မဖူလုံမှာစိုးလို့ ကျွန်တော်တို့ သွားဖွဲ့ထားတယ်”လို့ ဒေသခံ အမျိူးသားတစ်ဦးက ပြောပါတယ်။

စပါးတွေ ဖွက်ထားခဲ့တာ တစ်နှစ်ကျော်ကြာြပီး သွားပြန်ယူလာချိန်မှာတော့ စပါးတွေ ပျက်ဆီးဆုံးရှုံးတာတွေ ရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 “တောထဲမှာ သွားထားကြတော့လေ အဲလိုမျိုး မိုးကာတွေ ကြာလာတော့ ဆွေးကုန်တယ်။ ပြီးရင် ဂွန်နီအိတ်တွေလည်း ကြာလာ:ရင် သူ့ဟာသူဆွေးကုန်တယ်။ ပြီးရင် ကြွက်တွေကိုက်တာလည်းပါတာပေါ့နော်။ အဲတာကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေ များနေတယ်။ အဲဒီ ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ လောက်က ပျက်ဆီးကုန်တာပေါ့နော်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိတဲ့အတွက် စိုးရိမ်ပြီး အရှေ့ဘက်ခြမ်းက ကျေးရွာပေါင်း ၂၀ ဝန်းကျင်လောက်က အိမ်တိုင်းနီးပါး စပါးတွေ  သွားဖွက်ထားခဲ့ကြပါတယ်။

စပါးတွေ သွားပြန်ယူတဲ့အခါမှာလည်း ပျက်ဆီးဆုံးရှုံးတာတွေရှိတဲ့အပြင် စက်သုံးဆီစျေးတွေ ကြီးမြင့်မှုကြောင့် အခက်အခဲတွေ ရှိတယ်လိုလည်း ဆိုပါတယ်။

spot_img
spot_img