spot_img
Friday, March 24, 2023
spot_img

စစ်ဘေးရှောင်ကျေးရွာရှိ ကလေးများအားစာသင်ကြားပေးရန် စိတ်ဝင်စားပါက စာရင်းပေးသွင်းနိုင်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းရှိ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရာမှ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာများရှိ ကျောင်းတက်အရွယ်ကလေးများကို စာသင်ပေးရန် စိတ်ဝင်စားပါက စာရင်းပေးသွင်းနိုင်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ အသိပေးထားပါတယ်။

“ညီမတို့အနေနဲ့က ကလေးတွေစာသင်ဖို့အရမ်းနောက်ကျသွားမယ်ဆိုရင် ကလေးတွေအနေနဲ့ စိတ်ဓတ်ကျစရာများဖြစ်လာမလားပေါ့နော နောက်ပြီး ဒီပညာရေးက သင်ကြားစရာမလိုပါဘူး ဆိုတဲ့အခြေအနေတွေ ကလေးတွေက အဲ့လိုခံစားမယ် မိဘတွေခါကျတော့ ငါတို့ကလေးတွေ ပညာသင်ခွင့် အခွင့်အရေးတွေဆုံးရှုံးနေမလားပေါ့နော ဒီတော်လှန်ရေးကိုလုပ်နေတဲ့ ကာလတစ်လျှောက်လုံး ငါတို့ကလေးတွေရဲ့ ပညာသင်ကြားခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေမလားဆိုပြီးတော့မှ ညီမတို့က အဲ့လိုအတွေးတွေ ရှိနေတဲ့အတွက် ကလေးမိဘတွေမှာ အဲ့လိုအတွေးတွေရှိနေတယ် ကလေးတွေ စိတ်ထဲမှာ အဲ့လိုတွေးနေတဲ့အတွက်ကြောင့်မလို့ ဒီဟာကို အတတ်နိုင်ဆုံးတော့ ကူးစက်ရောဂါရဲ့ ကာကွယ်ရေးဘောင်လမ်းစဉ်အောက်ကနေ လုပ်သွားမယ်လို့ ညီမတို့ရည်ရွယ်တာပေါ့နော။ ဒါပေမယ့် ရောဂါက အရမ်းကြီးဆိုးလာမယ်ဆိုရင် မဖြစ်မနေဆိုရင်တော့လည်း ကပ်ရောဂါဖြစ်တဲ့အတွက်ကြောင့်မလို့ အရမ်းကြိုးစားပြီးတော့ မလုပ်ယူဘူးပေါ့နော။ အခုက ကိုယ်စည်းကမ်းရှိရင် ရှိသလို ကိုယ်သတိထားရင်ထားသလို ဒီရောဂါက ကိုယ့်ဆီကို မရောက်လာနိုင်တဲ့အတွက်ကြောင့်မလို့ ဒီရောဂါကာကွယ်ရေးနည်းလမ်းတွေနဲ့အတူ စနစ်တကျလုပ်ရှားသွားမယ် ပြီးရင် ကလေးတွေကိုလည်း တတ်နိုင်သလောက် ကိုယ်တတ်စွမ်းသလောက်ပေါ့နော ပြီးရင် စေတနာ့ဝန်ထမ်းဆရာမတွေ စေတနာရှိသလောက် Camp တွေရဲ့အလှူရှင်ရှိသလောက်ပေါ့နော ညီမတို့လုပ်ရှားကြည့်သွားမယ်ပြီးတော့မှ လုပ်လိုက်တာပါ”လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းဖြစ်နေတဲ့ ကာလအတွင်း သင်ကြားရမှာဖြစ်တဲ့အတွက် ကိုဗစ်ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို အသုံးပြုပြီးဆောင်ရွက်သွားမှာဖြစ်သလို လက်ရှိ ကျေးရွာအချို့မှာ ကလေးတွေကို ပညာသင်ကြားဖို့ ကမ်းလှမ်းထားတာရှိတယ်လို့ ဆိုပါတယ်။

ပြည်နယ်အတွင်းရှိ CDMလုပ်ဆောင်ထားတဲ့ ဆရာ၊ ဆရာမများအနေနဲ့ စစ်ဘေးရှောင်ကျေးရွာ၊ Campတွေမှာ ကလေးတွေကို ပညာသင်ကြားနိုင်ရန်အတွက် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာများ လိုအပ်လျက်ရှိနေတာကြောင့် စိတ်ဝင်စားတဲ့သူအနေနဲ့ အမည်၊ ရာထူး၊ ကျောင်း၊ မှတ်ပုံတင်အမှတ်၊ အမြဲဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ မိမိသွားလိုတဲ့ မြို့နယ် ဒေသမရွေး စတဲ့ အချက်တွေကို ပြည့်စုံစွာဖြည့်စွက်ပြီး Page Messenger မှာစာရင်းပေးသွင်းနိုင်တယ်လို့ အသိပေးထားပါတယ်။

မူလတန်းအရွယ်ကလေးတွေကို အဓိကသင်ကြားပေးသွားမှာဖြစ်ပြီး ပညာသင်ကြားခွင့်ကိုလိုလားတဲ့ မိဘ၊ ကလေး၊ ကျေးရွာတွေရဲ့ တောင်းဆိုချက်အရ လုပ်ဆောင်မှာဖြစ်သလို လိုအပ်တဲ့ စာရေးကိရိယာ၊ အသုံးအဆောင်ပစ္စည်း၊ ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းတွေကို အလှူရှင်များမှ ပံ့ပိုးကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

“CDM support တွေဆိုတာကလေ တိုက်ပွဲခေါ်လိုက်ပြီးတဲ့အချိန်ကစပြီးတော့ ညီမတို့အတွက် Support ဆိုတာကမရှိတော့ဘူး အဲ့လိုဆိုခါကျတော့ အမှန်တကယ် ဒီစာရင်းကောက်တာတောင်မှ စိန်ခေါ်မှုတစ်ရပ်ပဲ တချို့က ခေါ်တာလွယ်ကူတယ်လို့ထင်တယ် အမှန်တကယ်ကတော့ ဒါ စိန်ခေါ်မှုကြီးတစ်ရပ်ပဲ သူတို့ကမေးလာတော့မှာလေ သူတို့ရဲ့အသက်အန္တာရယ်တွေ သူတို့ရဲ့လုံခြုံရေး နောက်ပြီး Campရဲ့လုံခြုံရေးတွေကောပေါ့နော ညီမတို့က အစစအရာရာတာဝန်ယူပြီး ညှိပေးရတော့မှာပေါ့နော။အဲ့လိုအခြေနေဆိုပေမယ့် ကလေးတွေကိုပဲကြည့်ပြီးလုပ်လိုက်တာဖြစ်တဲ့အတွက် ခုခြေနေမှာတော့ တကယ်ဆိုရင် ဘားမှမရှိသေးဘူး “ လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးကဆက်ပြောပါတယ်။

ပညာသင်ကြားပေးဖို့ စေတနာ့ဝန်ထမ်းစာရင်းကောက်ခံတာကို ဩဂုတ်လ ၁၀ရက်နေ့မှာ ရပ်နားမှာဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်မှအာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး CDMလုပ်ဆောင်တဲ့ ပညာရေးဝန်ထမ်း ၂သောင်းကျော်ကို စစ်အာဏာရှင်မှ ရာထူးထုတ်ပယ်ထားတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...