spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ကူညီဖို့ သွားတဲ့ ကတ်သလစ်ဘုန်းတော်ကြီးနှစ်ပါးနဲ့အတူ အသက်မပြည့်သေးတဲ့ကလေးနှစ်ဦး ဖမ်းဆီးခံထားရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်တွေကို ကူညီကယ်ဆယ်ဖို့သွားတဲ့ ကတ်သလစ် ဘုန်းတော်ကြီး ဖြစ်တဲ့ Fr.John Paul Lwel၊ နဲ့ Fr.John Bosco နှစ်ပါး ရှမ်းပြည်နယ်တောင်ပိုင်းက ဂိတ်တစ်ခုမှာ စစ်ဆေးခံရပြီး ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ ဖမ်းဆီးခံရတယ်လို့ ကတ်သလစ် ဘုန်းတော်ကြီး တစ်ပါးက ပြောပါတယ်။

“ တောင်ကြီးကနေ ဖယ်ခုံသာသနာက လယ်ထွန်ရွာက စစ်ရှောင်တွေကို သွားကူဖို့အတွက် သွားကယ်ဖို့ အတွက်ပေါ့လေ။ စစ်ရှောင်တွေ အရမ်းဒုက္ခရောက်နေတဲ့အတွက် ထွက်သွားတာ။ ထွက်သွားရင်းနဲ့ ဂိတ်တစ်ခုမှာ စကစနဲ့ PNO အဖွဲ့တွေ စောင့်တယ်။ အဲ့မှာရောက်တော့ သူတို့က စစ်ကြည့်မယ်ပေါ့လေ။ ကားရပ်ပြီးတော့ စစ်ကြည့်တဲ့ အချိန်မှာ Fr. တစ်ပါးရဲ့ ဖုန်းထဲမှာ ပုံတစ်ပုံသွားတွေ့တယ်ပေါ့လေ။ PDF နဲ့ ပတ်သက်တဲ့ ပုံတစ်ပုံသွားတွေ့လို့ အဲ့တာကို တပ်ပြီးတော့ ဖမ်းသွားတာ။ “ လို့ ပြောပါတယ်။

ဖယ်ခုံ ကတ်သလစ်သာသနာက Fr.John Paul Lwel၊ နဲ့ တောင်ကြီး ကတ်သလစ်သာသနာက Fr.John Bosco နှစ်ပါးနဲ့အတူ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးနဲ့ ကားမောင်းသမားနှစ်ဦးလည်း ဖမ်းခံထားရတယ်လို့ ပြောပါတယ်။ ကားမောင်းသမားတွေနဲ့ ကလေးတွေကတော့ ဘယ်သူတွေလည်းဆိုတာ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သေချာမစုံစမ်းနိုင်သေးပါ။

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံတစ်ဦးက “ သေချာတာတစ်ခုကတော့ ကျမတို့ရဲ့ ဘုန်းတော်ကြီးက စစ်ရှောင်တွေအတွက် သွားပြီးတော့ ကူညီပေးတာပေါ့နော။ တစ်ခြားကိစ္စတွေနဲ့ ဆက်စပ်မှာတော့ မဟုတ်ဘူး။ “ လို့ ပြောပါတယ်။

ဘုန်းတော်ကြီး နဲ့ ကားသမားတို့ မောင်းလာတဲ့ ကားလေးစီးကိုလည်း သိမ်းဆည်းထားပြီး မောင်းနှင်အသုံးပြုတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပြန်လည်လွှတ်မြောက်ဖို့အတွက် Save the Children နဲ့ ကတ်သလစ် ဘာသာရေး အကြီးအကဲတွေ ညှိ့နှိုင်းဆောင်ရွက်နေတယ်လို့ ကက်သလစ်ဘုန်းတော်ကြီးတပါးက ဆက်ပြောပါတယ်။

အခုလို ဓာတ်ပုံတစ်ပုံကြောင့် ဖမ်းဆီးခံရတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ဆိုပါတယ်။

“ စစ်ရှောင်တွေကို ကူတယ်ဆိုတာက ကူညီတာဘဲလေ။ ကူညီတာ သူတို့နဲ့ ဘားမှမဆိုင်ဘဲနဲ့ ဖမ်းသွားတယ်ဆိုတာက လုံးဝကို မဖြစ်သင့်ဘူးလေနော။ သူတို့ကို နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ဘဲနဲ့ ကူညီသင့် ကူညီထိုက်လို့ ကူညီနေတာ။ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီတာလေ။ ဘာသာတိုင်းမှာရှိပါတယ်။ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီဖို့ အတွက်ဆိုပြီးတော့မှလေ။ ဆိုတော့ အဲ့လို ကူညီလိုက်ခြင်းအားဖြင့် အဖမ်းခံရတယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့ အရာတွေလေ။ သူတို့ PDF နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေလို့ ဆိုပြီးတော့မှ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့က တပ်ချင်ရာ တပ်နေကြတာဘဲလေ။ တကယ်လို့ တကယ်လို့များ ဓာတ်ပုံတွေ့လို့များ ဘာဖြစ်နေတာလဲ။ ဓာတ်ပုံက နေရာတိုင်းမှာ ပျံ့နေတာဘဲလေ။ အွန်လိုင်းမှာ နေရာတိုင်းမှာ ပျံ့နေတော့ သိမ်းထားချင်ရင်လဲ သိမ်းထားမှာပေါ့။ ရှိရင်လဲ ရှိလာမှာဘဲ ကိုယ်မသိမ်းထားရင်တောင် ဝင်လာမှာဘဲ။ ဒါတွေပေါ့လေ။ “

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခံထားရတဲ့သူ ဖေဖော်ဝါရီလ ၂၀၂၂ခုနှစ် ၁၆ ရက်အထိ ၂၆၈ ဦးရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က ဖေဖော်ဝါရီလ ၁၆ မှာထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ ဖယ်ခုံနဲ့ မိုးဗြဲတို့မှာ နေ့စဉ် တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ဘေးရှောင်တွေ ပိုမိုများပြာလာပြီး အကူအညီ လိုအပ်နေကြပါတယ်။

spot_img
spot_img

Recent posts