spot_img
Friday, March 24, 2023
spot_img

စစ်ရှောင်စခန်းတစ်နေရာမှာ သက်ကြီးပိုင်းတွေကို နာတာရှည်ရောဂါများ စစ်ဆေးပေး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ အသက် ၄၀ အထက် သက်ကြီးပိုင်းတွေကို မကူးစက်နိုင်သောရောဂါတွေ၊ နာတာရှည်ရောဂါတွေကို စေတနာ့ကျန်းမာရေးအဖွဲ့မှ သွားရောက်စစ်ဆေးပေးခဲ့ပြီး လိုအပ်တဲ့ဆေးဝါးတွေကို ပေးခဲ့တယ်လို့ သိရပါတယ်။

“သွေးတိုးသမားက ဆေးစွဲသောက်ရတယ်။ ဒီရောဂါက တစ်ယောက်နဲ့တစ်ယောက် မကူးစက်နိုင်ဘူး။ ဒါပေမယ့် ဂရုမစိုက်ရင်အသက်အန္တရာယ်ထိရှိတယ်၊ မနက်ပိုင်းဆို ဆေးပုံမှန်
သောက်ရတယ်၊ လေ့ကျင့်ခန်း လုပ်ဖို့သူတို့ကို အကြံပေးတယ်၊ အခုဆိုရင် လူတိုင်း အခက်အခဲဖြစ်တယ်လေး။ စစ်ရှောင်လည်း ဖြစ်တယ်၊ ဝင်ငွေမရှိတော့ အစာရှောင်ခိုင်းလည်း သူတို့အတွက် အခက်အခဲဖြစ်တယ်” လို့ စေတနာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်နေကြရတာ တစ်နှစ်ကျော်ရှိလာပြီဖြစ်တဲ့အတွက် ဆေးကုသမှုနဲ့ ဆေးဝါးလုံလောက်အောင်မရရှိတဲ့ အသက်ကြီးပိုင်းတွေမှာ သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါ ခံစားနေရသူတွေများတယ်လို့ ဆိုပါတယ်။

စစ်ရှောင် အမျိုးသမီးတစ်ဦးက “ဆီးချိုရှိလား မေးတော့မရှိဘူးပြောတယ် အဲ့တာ ဆရာမတို့ လာတာ ပြန်လာစစ်တာ၊ သွေးတိုးတော့ ရှိတယ်၊ သွေးတိုးက ရှိတာ ကြာပြီ ၅ နှစ် ၆ နှစ်ရှိပြီ။ ဒီစစ်ရှောင်မှာတော့ ဆေးပြတ်တာ မရှိသေးဘူး၊ အရင်က ဟိုပြေး ဒီပြေးတော့ သွေးတိုးဆေး ခဏခဏပြတ်တယ်၊ ညညအိပ်တာ သေနတ်သံမကြားရင် အိပ်ပျော်တယ်၊ သေနတ်သံကြားရင်တော့ အိပ်မပျော်ဘူး၊ လန့်လန့်နိုးနေရတယ်” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်တွေမှာ သက်ကြီးပိုင်းလူနာတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ သွေးတိုး၊ ဆီးချို သွေးချိုအပြင် အခြားသော နာတာရှည်ရောဂါတွေ ခံစားနေရတယ်လို့ စေတနာ့ကျန်းမာရေးအဖွဲ့ထံကနေ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...