spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွေမှာ စာသင်ကြားရေးအပိုင်းနဲ့ အထောက်အကူပစ္စည်းတွေ အခက်ခဲရှိနေ

ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင် စာသင်ကျောင်း တစ်နေရာ ဓါတ်ပုံ- ကေတီ

စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် သင်ကြားရေးပိုင်း အထောက်အကူပစ္စည်းတွေနဲ့ စာသင်ကြားမယ့် နေရာတွေအခက်အခဲရှိနေတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။

“ကျနော်တို့ campတွေမှာဆိုလို့ရှိရင် ကျောင်းဆောင်ဆောက်ဖို့ဆိုရင် အဓိက ဝါးတွေ ၊ ဘာတွေ ကရွာသားတွေ ကနေ ဝယ်လို့ စုလို့ ရပေမယ့် ကျောင်းဆောင်လုပ်ဖို့ မိုးကာတွေ ဘာတွေ တော့ အများကြီးလိုအပ်နေတယ်။ နောက်တစ်ခုက စာရေး ကိရိယာတွေပေါ့။ စာရေးကိရိယာပိုင်းလည်း လိုအပ်တယ်။” လို့ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ယာယီတဲတည်ဆောက်ပြီး သင်ကြားနေရတာဖြစ်တာကြောင့် နေရာထိုင်ခင်းအခက်အခဲတွေလည်း ဖြစ်ပေါ်နေတယ်လို့ စေတနာ့ဝန်ထမ်း ဆရာမဒေါ်စေးမြာက ပြောပါတယ်။ မိုးရာသီ မှာဆိုရင် ရာသီဥတုကြောင့် စာသင်လို့မရတဲ့ အချိန်တွေလည်း ရှိတယ်လို့ ပြောပါတယ်။

“ မိုးကာကြောင့် စာသင်တဲ့နေရာ အဆင်မပြေလို့ တစ်ရက်ဆိုရင် အချိန်အများကြီးသင်မယ့် အစား နည်းနည်းလေးတစ်ဝက်လောက်ပဲ ပြန်ရတယ်။ အဲ့လိုမျိုး ။ နောက်ပြီးတော့မှ အခြေအနေ နည်းနည်း ပြန်ကောင်းသွားတော့ စစ်ရှောင်တွေလည်း သူတို့ရွာ ပြန်သွားတော့ ကျောင်းပြန်လွတ်ပြီးဆိုတော့ ကျောင်းထဲ ပြန်ရွေ့လာတော့ အဆင်ပြေတယ်။ အရင်တုန်းကဆို နေ့တစ်ပိုင်းပဲ ညနေပိုင်းဆိုလေတိုက်ပြီ မိုးလည်ရွာမလိုလို အဲ့လိုဖြစ်ခါကျတော့ ကျမတို့ ကလေးတွေ ကျောင်းဆင်းခိုင်တာ အဲ့လိုမျိုးလုပ် အခုက ကျောင်းထဲမှာရောက်တော့ ကျမတို့ တနေကုန်ပြန်သင်တယ်။ “  လို့ ဒေါ်စေးမြာက ဆိုပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင် စာသင်ကျောင်း တစ်နေရာ ဓါတ်ပုံ- ကေတီ

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာလည်း ကျောင်းသူကျောင်းသာတွေအတွက် သင်ကြားရေးအထောက်အကူပစ္စည်းတွေ၊ နဲ့ စာသင်ကြားပေးမယ့် ကျောင်းဆရာ၊ဆရာမ လိုအပ်ချက်တွေရှိနေတယ်လို့ ကျောင်းဆရာမ တစ်ဦးကပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ စာသင်ကြားဖို့ ဆရာ၊ဆရာမတွေ ကိုင်တွယ်အသုံးပြုရမယ့် စာအုပ်နဲ့ ကျောင်းသားတွေအတွက် ဖတ်စာအုပ်တွေလည်း အခက်ခဲရှိနေတယ်လို့ သိရပါတယ်။

“အခု ကျောင်းသားဦးရေတွေ များလာတာပေါ့နော။ ပြီးတော့ ဖတ်စာအုပ်တွေလိုအပ်လာတယ်။ စာရေးကိရိယာတွေလိုအပ်လာတယ်။ ဖတ်စာအုပ်တွေမလုံလောက်ဘူးပေါ့နော။ ဒါအခက်အခဲရှိတယ်။” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

စစ်ရှောင်စခန်းနေရာတွေ ၊ တချို့သော တိုက်ပွဲ နဲ့ဝေးတဲ့ ကျေးရွာတွေမှာ ဒေသခံတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်တာရှိပြီး စာသင်ကျောင်း ၂၀၀ ဝန်းကျင်နဲ့ ကျောင်းသားပေါင်း ၂သောင်း ကျော်ကို စာသင်ကြားပေးနိုင်ခဲ့တယ်လို့ ကယားပြည်နယ်ဆရာများသမဂ္ဂရဲ့ ပြောပြချက်အရ သိရပါတယ်။

spot_img
spot_img