spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းအချို့ ရာသီ တုတ်ကွေးရောဂါဖြစ်ပွားနေပြီး ခြင်ထောင် လိုအပ်လျက်ရှိ

မော်မီမြာ/ကန္တာရဝတီတိုင်း(မ်)

လက်ရှိ မိုးရာသီအကူးအပြောင်းအတွင်း စစ်ရှောင်စခန်းက စစ်ရှောင်တချို့မှာ ရာသီတုတ်ကွေးဖြစ်ပွားနေပြီး ရောဂါကာကွယ်ဖို့အတွက် ခြင်ထောင်ကဲ့သို့ အကာအကွယ်တွေ၊ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

စစ်ရှောင်တာ တစ်နှစ်ရှိပြီဖြစ်တဲ့အတွက် ယခင် အိမ်ကနေ ယူလာတဲ့ ခြင်တောင်တွေ စုတ်ပြဲကုန်ပြီလို့ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

“ ပါတယ် နည်းနည်းပါးပါးတော့ ပါတယ်။ ဒါပေမယ့် ကြာကြာလာတဲ့ အခါကျတော့ ဆွေးကုန်ပြီလေနော။ လေတွေတိုက်လိုက် ခြတွေ စားလိုက်။ တခါတလေဆို နေ့တိုင်း မဖြုတ်ဘူးကော။ ပေါက်ပြဲလိုက် ကြွက်က လာကိုက်လိုက် အဲ့လိုမျိုးဖြစ်နေတယ်။ ဒီမှာလည်း ထုတ်ပေးပါတယ်။ ထုတ်ပေးဆိုလည်း မခိုင်ဘူးလေ ဇာခြင်ထောင်တွေဆိုတော့ ခဏလေးနဲ့ ပျက်မြန်တယ်။ “ လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်နေရာတချို့တွေမှာ ဆေးဝါး မလုံလောက်တဲ့အတွက် တုတ်ကွေးဖြစ်ရင်တောင် ရိုးရိုးတုတ်ကွေးဆေးပဲ ပေးနေရတယ်လို့

စစ်ရှောင်စခန်းတွေကို ဆေးဝါးကုသပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

“ အခုကတော့ ခြင်ကိုက်တော့ သူတို့ တုပ်ကွေး လက္ခာဏာတွေတော့ ဖြစ်တယ်။ ကျမတို့ ဒီမှာခါကျတော့ ခြင်ကိုက်တာ ငှက်ဖျား ဖြစ်၊ မဖြစ်ဆိုတာကို ငှက်ဖျား တိုင်းပေးလို့မရဘူး။ ဒီမှာလည်း ငှက်ဖျားကို စမ်းသပ်တဲ့ ပစ္စည်းတွေလည်း မရှိတော့ ကျမတို့ တုပ်ကွေးဆိုလည်း တုပ်ကွေး ဆေးလောက်ပဲ ပေးတာပေါ့နော။ သူတို့ ဖျားနာလို့ရှိရင်တော့ အဖျားတွေ တိုင်းမယ်

ရိုးရိုး တုပ်ကွေးဆေးလောက်ပဲ ပေးနိုင်တယ်။ “ လို့ စစ်ရှောင်စခန်းတစ်ခုက ဆေးဆရာမ တစ်ဦး ကပြောပါတယ်။

ရေချောင်းတွေ ၊ မြောင်းတွေ ၊ အိုင်တွေနဲ့ နီးတဲ့ နေရာတွေမှာ ဆိုရင် ခြင်ဆေးဖျန်းတဲ့ ဆေးတွေ ဖျန်းထားစေချင်သလို၊ စစ်ရှောင် တဲတိုင်း မိသားစုတိုင်းကိုလည်း ခြင်ထောင်အလုံအလောက်ရစေချင်တယ်လို့သူက ဆက်ပြောပြပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်ရှိနေပြီး အများစုဟာ တောထဲတောင်ထဲကို စစ်ဘေးရှောင်နေကြရပါတယ်။ ပြီးခဲ့တဲ့နှစ် မေလကစ စစ်ရှောင်နေကြရပြီး ဒီကနေ့အထိ လိုအပ်ချက်များပြားနေဆဲလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

spot_img
spot_img