spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင် ရိက္ခာသွားပို့စဉ် စစ်ကောင်စီပစ်ခတ်မှုခံရတဲ့ လူငယ်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့ ဒေါညေးခူကျေးရွာမှာ စစ်ရှောင်ရိက္ခာသွားပို့တဲ့ အသက် ၂၅နှစ်အရွယ် မောင်ပါစကွားလယ်ကို စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ ဒီကနေ့ ဧပြီလ ၉ရက်နေ့ နံနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့တယ်လို့ DMO-PDF က သတင်းထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံရတဲ့လူငယ်က မိုးဗြဲမြို့မှာနေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီအချိန်မှာ အဖော်ဖြစ်သူနဲ့ ရိက္ခာသွားပို့စဉ် ဒေါညေးခူကျေးရွာအရောက် စစ်ကောင်စီရဲ့ပစ်ခတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် မောင်ပါစကွားလယ်မှာ ဆိုင်ကယ်ပေါ်က ကျခဲ့ပြီး ကျန်တစ်ဦးမှာ ပေါင်နားထိရှိဒဏ်ရာရခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ထားပါတယ်။ ရိက္ခာသွားရောက်ပို့ဆောင်စဉ် အရပ်ဝတ်ဖြင့်သွားတာဖြစ်ပြီး သေဆုံးသူရုပ်အလောင်းပြန်ရချိန်မှာ ပျောက်ကြားယူနီဖောင်းနဲ့ဖြစ်နေတယ်လို့ ပစ်ခတ်စဉ်ထွက်ပြေးလွတ်မြောက်လာသူက DMO-PDFကိုပြောကြားခဲ့ပါတယ်။

သေဆုံးသူရုပ်အလောင်းကို နေ့ခင်း ၂နာရီမှာ သက်ဆိုင်ရာဆွေမျိုးထံ ပြန်လည်အပ်နှံထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားသတ်ဖြတ်ခံရသူ (၁၀၆)ဦးရှိသွားပြီလို့ DMO-PDF ရဲ့ အချက်အလက်စုဆောင်ရေးအဖွဲ့ထံမှ သိရပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့မှ ဒီးမော့ဆိုလမ်းအတိုင်း သွားလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး ဒီကနေ့အချိန်ထိ မတွေ့ရှိရသေးဘူးလို့ DMO-PDF ကပြောပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)
ဓာတ်ပုံ – ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)
ဓာတ်ပုံ – ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)
ဓာတ်ပုံ – ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)
ဓာတ်ပုံ – ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)
spot_img
spot_img