spot_imgspot_imgspot_imgspot_img
Saturday, December 14, 2024
spot_imgspot_imgspot_imgspot_img

စားသုံးကုန်စျေးနှုန်း မြှင့်တက်မှုကြောင့် စစ်ရှောင်တွေအခက်ကြုံနေရ

ကန္တာရဝတီတိုင်း( မ် )

နေ့စဉ် ဝယ်ယူစားသောက်နေရတဲ့ စားသုံးကုန်တွေရဲ့ စျေးနှုန်းဟာ ယခင်အာဏာမသိမ်းခင်ကထက် ၂ဆခန့် ပိုမိုမြှင့်တက်နေတာကြောင့် အခက်ကြုံတွေ့နေရတယ်လို့ ကရင်နီ စစ်ရှောင်တွေက ပြောပါတယ်။

စျေးနှုန်းမြှင့်တက်နေပေမယ့်လည်း နေ့စဉ်လိုအပ်တဲ့အစားအစာဖြစ်တဲ့အတွက် ဝယ်ယူစားသောက်နေရတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ဒေါ်ဂျိုးစဖင်းက ပြောပါတယ်။

“ကျမတို့ စစ်ရှောင်တွေအတွက် ဒီကုန်စျေးနှုန်းတွေက မြှင့်သည်ထက်မြှင့်လာတယ်။ ကျမတို့အတွက် အရမ်းကို ခက်တယ်ပြောရမှာပေါ့နော။ မဝယ်လို့လည်းမဖြစ်ဘူး။ တကယ်လို့ ဆီဆိုလို့ရှိရင် နေ့စဉ်စားသုံးရတဲ့ အစားအစာထဲမှာပါတယ်။ မဝယ်လို့ရှိရင်လည်း တကယ်လည်းခက်ခဲတယ်။ ကျမတို့ဆီ။” လို့ သူက ပြောပါတယ်။

လက်ရှိဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ယခင်က တစ်ထောင့်ငါးရာကျပ် ပေးဝယ်ရတဲ့ စားသုံးစီ ဆီဘူးသေးတစ်ဘူးဟာ လက်ရှိမှာ တစ်ဘူးကို ငါးထောင်အထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။

အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာလည်း အလားတူ မြှင့်တက်လျက်ရှိနေတာပါ။

ကရင်နီပြည်မှာ စစ်ရှောင် နှစ်သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်ဒေသခံတွေဟာ တစ်နှစ်ကျော်အချိန်အထိ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတဲ့အတွက် ဝင်ငွေရ အလုပ်အကိုင်လည်းမရှိသလို စားဝတ်နေရေးအတွက် အလှူရှင်ကိုသာ အဓိက မှီခိုနေရပါတယ်။

ကုန်ပစ္စည်းစီးဆင်းမှုကိုလည်း တိုက်ပွဲဖြစ်ပွားတဲ့ကြားက ပစ္စည်းမပြတ်လပ်အောင် လုပ်ဆောင်ရတယ်လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

“အခု လမ်းကောင်းတဲ့အချိန်ဆိုရင် လွိုင်ကော်မှာ ပြေးယူရတယ်။ နည်းနည်းအန္တာရာယ်ရှိတယ်။ လမ်းအခြေအနေကြည့်ပြီးတော့မှ သွားရတယ်။ တစ်ခါတစ်ခါ အခြေအနေမကောင်းရင်တော့ ပီကင်းစျေးမှာပဲ စျေးကြီးကြီးနဲ့ ဝယ်ရတယ်။” လို့ ဒေသခံ စျေးဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး အလွန်ကျဆင်းနေပြီး မြန်မာပြည်တဝှမ်း စက်သုံးဆီ၊ စားသုံးကုန် ပစ္စည်းတွေ၊ အခြေခံ လူသုံးကုန်ပစ္စည်းတွေ စျေးနှုန်းမြှင့်တက်လာခဲ့ပါတယ်။

spot_img
spot_img