spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

စိုက်ပျိုးသီးနှံအတွက် အာမခံချက်ရှိဈေးကွက် အစိုးရမှ ဖော်ဆောင်ပေးရန် တောင်သူများလိုလား

Author

Date

Category

ထျိုးမြာ

စိုက်ပျိုးရေးအတွက် အစိုးရဘဏ်မှ ချေးငွေထုတ်ပေးနေသည့်အတွက် တဖက်တလမ်းက အရင်းအနှီးရနိုင်သော်လည်း တည်ငြိမ်သော ဈေးကွက်မရှိသဖြင့် ဒုက္ခပိုရောက်ကြောင်း တောင်သူများက ဆိုသည်။

ချေးငွေယူထားသော တောင်သူများက သတ်မှတ်ထားသော ငွေပမာဏ ပြန်ရနိုင်အောင် ကြိုတင်တွက်ချက် လုပ်ကိုင်နိုင်ရေး တင့်တင့်မျှတပြီး တည်ငြိမ်သော ဈေးကွက်တစ်ခုက်ို နိုင်ငံတော်က ဖေါ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ကယားပြည်နယ်ပြောင်းစိုက်တောင်များအသင်း၏ အဖွဲ့ဝင် ခူးဦးရယ်က ပြောသည်။

“တည်ငြိမ်တဲ့ ဈေးကွက်တစ်ခုကို သင့်သင့်မျှတတဲ့ ဈေးတစ်ခု တည်တည်ငြိမ်ငြိမ်ရှိနိုင်အောင် အဲ့လိုရှိနိုင်မှ ပိုက်ဆံသိန်း ၅ဝ ချေးလိုက်ရင် တစ်နှစ် ဒီ ၅ဝ ပြန်ရအောင် ဘယ်လိုလုပ်မယ် ကြိုမြင်တတ်မယ်။”ဟု ၎င်းက ပြောသည်။

မတ်လ ၂၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ မောဒူကလားမေးခန်းမတွင် ဒီးမောဆိုမြို့နယ်ရှိ တောင်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကိုတို့ တွေ့ဆုံကြစဉ် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြည်နယ်အစိုးရက ဈေးကွက်နှင့်ပတ်သက်၍ တောင်သူများ ချင့်ချိန် စိုက်ပျိုးနိုင်စေရန် သတင်းအချက်အလက်များပေးနိုင်မည့် အစီအစဉ်ကို နေပြည်တော်တွင် ဆွေးနွေးထားပြီးဖြစ်သည်ဟု ဝန်ကြီး ဦးဘော့စ်ကိုက ပြောသည်။

ထို့အပြင် တောင်သူများချေးငွေနှင့် ပတ်သက်ပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် သီးနှံများကို ဈေးကောင်းကောင်း ဖြင့် ရောင်းချနိုင်ရန် အစိုးရမှ အခြောက်ခံစက်များ တည်ထားပေးမည့် အစီအစဉ်များ ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ဆက်ပြောသည်။

“ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ချေးငွေနားမှာ ကိုယ်က ချက်ချင်းမရောင်းဘူး ဈေးကောင်း နဲ့ရောင်းရလေအောင်ဆိုရင် ကျွန်နော်တို့ အခြောက်ခံစက်လိုမယ်။ ဂိုဒေါင်လိုမယ်ဆိုတဲ့ဟာ။ တကယ်လို့များ ကုန်သည်တွေ မဝယ်နိုင်ရင်တောင်မှ အစိုးကနေ ဝယ်နိုင်အောင်ဆိုတဲ့ အကြံပြုချက်တွေလည်း ထွက်လာတယ်ပေါ့။”ဟု ဝန်ကြီးက ပြောသည်။

ယမန်နှစ် ပြောင်ဈေးနှုန်းများ အဆမတန်ကျဆင်းပြီး ယခုနှစ်တွင် ပဲစင်းငုံဈေး ကျဆင်းမှုကြောင့် တောင်သူများ နစ်နာခဲ့သည်။

spot_img

Recent posts