spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ ပြည်နယ်ဝန်ကြီးချုပ် လာရောက်စစ်ဆေးမခံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ဝန်ကြီးချုပ်ကို အယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးရေးအဖွဲ့က မေးမြန်းဖို့ ဆင့်ခေါ်ရာမှာ သုံးကြိမ်တိုင်တိုင်ဆင့်ခေါ်ခဲ့ပေမယ့်လည်း လာရောက်စစ်ဆေးမခံခဲ့ပဲ ကိုယ်စားလှယ်သာလွှဲပြီးလာရောက်ဖြေရှင်းခိုင်းတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးသဲရယ်ကပြောပါတယ်။

“ ကျနော်တို့ကိုတော့ ဒီလွှဲစာပေါ့။ ဝန်ကြီးချုပ်ကနေ သူ့ကိုတစ်ဆင့်လွှဲပြီးတော့မှ ကိုယ်စားသွားဖြေပေးဖို့အတွက်ကို ဒါကို ဝန်ကြီးချုပ်က သူ့ကိုပေးတယ်ဆိုတဲ့ စာပဲ လာပေးသွားတယ်။ ပြီးတော့မှ သူနဲ့လိုက်ပါလာတာကတော့ ဥပဒေချုပ်ပါတာပေါ့နော်။ ဒါပေမဲ့ကျနော်တို့ကတော့ အတွင်းရေးမှူးကိုပဲ ကျနော်တို့မေးမြန်းမယ်ပေါ့။ ဆိုတော့ သူ့ကိုပဲခေါ်လိုက်တဲ့အခါမှာ လူမစုံတဲ့အတွက် သူမဖြေကြားပေးနိုင်ဘူးဆိုပြီးတော့ အဲ့လိုပဲ သူပြောလိုက်တာပေါ့။”

ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအံ့မော်ကို ပြည်နယ်လွှတ်တော်တွင် မြင်တွေ့ရစဉ်

အခုလို စစ်ဆေးမေးမြန်းချိန်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ၅ ဦးရှိသည့်အနက် ၁ ဦး ရောက်မလာသေးသဖြင့် မဖြေပေးနိုင်ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးကနေ ပြန်လည်ပြောဆိုလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ဝန်ကြီးချုပ်ကို မနက်တစ်ကြိမ် ၊ ညနေတစ်ကြိမ်ဆင့်ခေါ်ချိန်မျာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်သာ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့ သြဂုတ်လ ၂၆ ရက်နေ့ တတိယအကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ထပ်မံဆင့်ခေါ်ချိန်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၅ ဦးပြည့်သော်လည်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်က ဝန်ကြီးချုပ်လွှဲစာမပါပဲ ရောက်လာတဲ့အတွက် စုံစမ်းမေးမြန်းတာ ဘာမှ မလုပ်ခဲ့ရပြန်ဘူးလို့ သိရပါတယ်။

ဦးသဲရယ်က “ဒါတွေက တရားဝင်လွဲစာပါနိုင်တာ အကောင်းဆုံးပေါ့နော်။ သူဖြေတဲ့ဟာတွေက ဝန်ကြီးချုပ်ကိုယ်စားပြုတယ်လို့ကျနော်တို့အနေနဲ့ကအသိအမှတ်ပြုလို့ရတယ်။ အခုဟာက လွဲစာမပါတဲ့ခါကျတော့ သူဖြေကြားတဲ့ဟာတွေက ဝန်ကြီးချုပ်ကိုယ်စားလား၊ သို့မဟုတ်ရင် သူ့ကိုယ်ရေးကိုယ်တာအရ သူလာဖြေတာလား ပေါ့နော် အဲ့ဒါတွေလည်း မေးခွန်းမေးစရာဖြစ်ပါတယ်ပေါ့။ ဆိုတော့ အခုဟာက လွဲစာမပါတဲ့အတွက် ကျနော်တို့စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ လက်မခံပဲနဲ့ပြန်လွှတ်လိုက်တယ်။”လို့ ပြောပါတယ်။

စွပ်စွဲပြစ်တင်တာနဲ့ပတ်သတ်ပြီးတော့ ဘာပြောချင်တာရှိလဲလို့ မေးမြန်းတဲ့အခါမှာတော့ “ လောလောဆယ် ဘာမှပြောစရာမရှိသေးပါဘူး” လို့အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအံ့မော်က ဆိုပါတယ်။

သြဂုတ်လ ၂၄ရက်နေ့ညနေပိုင်းလောက်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက စွပ်စွဲပြစ်တင်ခြင်းကိစ္စနဲ့စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပယ်ဖျက်ပေးဖို့ အတွက် ကယားပြည်နယ်လွှတ်တော်ဥက္ကထံမှာ စာတင်ခဲ့တယ်လို့ ကြားသိရပါတယ်။

အဲ့ဒီအပေါ်မှာ ကယားပြည်နယ်လွှတ်တော်ဥက္ကဌက တစ်စုံတစ်ရာ အကြောင်းကြားလာတာမျိုး မရှိသေးပါဘူး။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့်သာ ဖွဲ့စည်းထားတာဖြစ်ပြီး အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၂ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာကိုယ်စားလှယ် ၁ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁ဦးနဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှာ ကိုယ်စားလှယ်၁ဦးတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့မှာ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ကုမ္မဏီတချို့တို့ကို စစ်ဆေးမေးမြန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စက်ယန္တရားငှားရန်းပစ္စည်းတွေ ပြည်သူ့ဘဏ္ဍာငွေထဲမရောက်တဲ့ကိစ္စနဲ့ အများပြည်သူပိုင် ပြည်နယ်နေ့အထိန်းအမှတ်ကွင်းမှာ ကုမ္မဏီကို ငှားရန်းတဲ့ကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

စုစုပေါင်းကျပ်သိန်းပေါင်း လေးထောင်နီးပါး ပြည်သူ့ ဘဏ္ဍာငွေ အလွှဲသုံးစားပြုမှုနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စုံစမ်းမေးမြန်းနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts