စောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားသူ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရ

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်တက္ကသိုလ် စောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့သူကို အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရတယ်လို့ စက်တင်ဘာလ ၂၉ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၁ရက်နေ့မှာ ရှမ်းပြည်နယ် လားရှိုးမြို့ကနေ လွိုင်ကော်မြို့ကို ပြန်လာတာတဲ့ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောခူကျေးရွာမှာ နေထိုင်သူ အမျိုးသား တစ်ဦးဖြစ်ပါတယ်။

ထွက်ပြေးဖို့ ပြုလုပ်နေတဲ့အတွက် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့နဲ့ ဝန်ထမ်းတွေက တားမြစ်ပေမယ့်လည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ခိုက်ရန်ပြုပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆/၂၉အရ လွိုင်ကောမြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ် မြို့နယ်အသီးသီး ကိုရိုနာဗိုင်းရပ်(စ်)ကြိုတင်ကာကွယ်ရေး စောင့်ကြည့်ကြပ်မတ်တဲ့ Community Based Facility Quarantine ဆောင်ရွက်ထားရှိမှုမှာ စက်တင်ဘာလ ၂၉ရက်နေ့အထိ လူဦးရေ (၃၆၃)ဦးရှိပြီး ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းဆဲလူနာ (၃၆)ဦးရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့လူမှုစာမျက်နှာမှာဖော်ပြထားချက်အရ သိရပါတယ်။

လက်ရှိအချိန်ထိတော့ ကယားပြည်နယ်က ကိုရိုနာဗိုင်းရပ်(စ်)ပိုးတွေ့သူမရှိသေးပါ။

Comments

comments

Next Post

ကယန်းအမျိုးသားပါတီ (KNP) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

Wed Sep 30 , 2020
နော်ဒွေးအယ်ခူ ကယန်းအမျိုးသားပါတီ (KNP) ပါတီအနေနဲ့ မူဝါဒ ၁၃ ချက်ချမှတ်ထားပြီး ရှေရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနေတိုင်းရင်းသားတို့ရဲ့ အခွင့်အရေး၊ ရွေ့ပြောင်းအလုပ်သမားအရေး စတဲ့အချက်တွေ ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပါတီတခုဖြစ်ပါတယ်။ အဆိုပါ ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က တရားဝင်တည်ထောင်ခွင့်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့ရှိ မဲဆန္ဒနယ်နှစ်ခုတွင် အနိုင်ရရှိခဲ့ဖူးပါတယ်။ ပါတီအနေနဲ့ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးတွေကို ယှဉ်ပြိုင်နိုင်ဖို့ ကယားပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ ကယားပြည်ဒီမိုကရက်တစ်ပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီး ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် ပြည်နယ်အတွင်းမှာ ၄ နေရာ ပြိုင်သွားမှာဖြစ်ပါတယ်။ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာတွေမှာ […]

ဆက်စပ်သတင်းများ