ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေနဲ့ အတူရပ်တည်သွားမည်ဟု က.လ.လ.တ ထုတ်ပြန်

0
718

၂၀၂၁ ​ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာကယားပြည်နယ်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့တပ်ဦး (KNPLF)အဖွဲ့က တပ်မတော်ရဲ့ အာဏာသိမ်းစည်းမှုအပေါ်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ တပ်မတော်ရဲ့နိုင်ငံတော်ဘအာဏာသိမ်းမှုကို ရှုတ်ချကြောင်း. ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ မဲရလဒ်ကို အသိအမှတ်ပြုကြောင်း. ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သူတွေကို ပြန်လွတ်ပေးဖို့ (KNPLF) အဖွဲ့ အနေဖြင့် ဆန္ဒဖော်ထုတ်နေကြတဲ့လူထုတွေနဲ့ အတူရပ်တည်သွားမည်ဖြစ်ကြောင်းနဲ့ အာဏာသိမ်းအစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဘယ်နေရာကိုမှ ပါဝင်ပတ်သတ်သွားမာမဟုတ်တဲ့ အကြောင်းကို သဘောထား ထုတ်ပြန်ခဲ့ပါတယ်။