spot_img
Thursday, February 2, 2023
spot_img

ဆောင်ကန်း(ရှမ်း)ကျေးရွာကို လက်နက်ကြီးကျရောက်ပြီး အသက်၆၀အရွယ် အမျိုးသားတစ်ဦးသေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့နယ်အတွင်းရှိ ဆောင်ကန်း(ရှမ်း)ကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၁ရက် နေ့လည် ၁နာရီအချိန် လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၆၀အရွယ် ဦးဂျူးသေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီကနေ့ စက်တင်ဘာလ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဆောင်ကန်းရှမ်းကျေးရွာသို့ လက်နက်ကြီးနှစ်လုံး၊ ဖလိုင်တောင်ခြေကျေးရွာသို့နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လွိုင်ကော်အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့တွင်းမှာတော့ စက်တင်ဘာလ ၁၆ရက်နေ့မှ ဒီကနေ့အထိ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလအတွင်း ကန္တာရဝတီတိုင်း( မ် )မှ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့စာရင်းအရ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ မိုးဗြဲမှ ကလေးအပါအဝင် ၅ဦး၊ လွိုင်ကော်မှ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ တစ်ဦးနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူတစ်ဦး၊ ဒီးမော့ဆိုမြို့မှ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံရသူ နှစ်ဦး စုစုပေါင်း အရပ်သား သေဆုံးမှု (၁၀) ဦးရှိသွားပြီဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီကနေ့ လွိုင်ကော်မြို့ပေါ်မှာ စျေးဆိုင်ဖွင့်ဖို့ စျေးသည်တွေ ဖိအားပေးခံရတာရှိ

ကန္တာရဝတီတိုင်း( မ် ) ဒီကနေ့ ( ဖေဖော်ဝါရီလ ၁ ) ရက်နေ့ လွိုင်ကော်မြို့ပေါ်က စျေးဆိုင်တချို့ စျေးဆိုင်ဖွင့်ဖို့ ဖိအားပေးခံရတာရှိတယ်လို့ လွိုင်ကော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။ “ ကျမစျေးဝယ်ထွက်တော့ စျေးရောင်းနေတဲ့ စျေးသည်တွေ ပြောပြတာ။ တချို့ ထင်ရှားတဲ့ ဆိုင်တွေကို စည်ပင်က ခြိမ်းခြောက်ထားတယ်။ ဆိုင်မထွက်ရင်...

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို စစ်ကောင်စီတပ်မှ မီးကျည်လက်နက် အသုံးပြုပြီး တိုက်ခိုက်

ကန္တာရဝတီတိုင်း(မ်) စစ်ကောင်စီတပ်ကနေ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ အဆောက်အဦးတွေကို လောင်ကျွမ်းစေနိုင်တဲ့ မီးကျည် လက်နက် အသုံးပြုပြီး တိုက်ခိုက်လာတာကို တွေ့ရှိရတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။ “ အဲ့မီးကျည်က အဆောက်အဦးတွေ ဘာတွေ လောင်တယ်ပေါ့။ နောက်ပြီးတော့ နောက်ပိုင်းကျတော့ အဲ့ဒီ ထွက်လာတဲ့ အခိုးအငွေ့တွေက ဓါတုတွေ...

တောင်ယာအပြန် စစ်ရှောင်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဘယ်ခြေထောက်ဆုံးရှုံးခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း ဒေါတဟေးကျေးရွာမှာ စစ်ရှောင်နေတဲ့ အမျိုးသားတစ်ဦး ယမန်နေ့ ( ဇန်နဝါရီလ ၃၀ ရက်နေ့ ) က တောင်ယာကအပြန် မိုင်းနင်းမိပြီး ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။ “မနေ့က ပဲစဉ်းငုံသွားခူးတာ ဒေါတဟေးရွာအရှေ့ဘက်မှာ ပဲစေးငုံသွားခူးပြီးတော့...

စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြော

ကန္တာရဝတီတိုင်း(မ်) အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကရင်နီဒေသခံတွေလည်း မျက်မြင်ကိုယ်တွေ့ ခံစားနေကြရပြီး အဲဒီကျူးလွန်မှုကိုလုပ်ဆောင်တဲ့ စစ်ကောင်စီလုပ်ရပ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။ “သူတို့(စစ်ကောင်စီ) ချိုးဖောက်မှာပဲ။ အဲ့တော့ သူတို့လုပ်ရပ်ကို ကျနော်တို့သိတယ်ဆိုရင် ရက်တိုင်း ပြောနိုင်မယ်ဆိုရင် မလုပ်ရဲတော့ဘူး။ ဒါက သဘောသဘာဝဖြစ်တယ်။ လူ့အခွင့်အရေးကိုချိုးဖောက်တယ်ဆိုတဲ့နေရာမှာ...