spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆောင်းဖွေးဆေးရုံ ဗုံးကြဲခံရမှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ (၃)ရက်သား ကလေးမိခင် အသက်သေဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဧပြီလ (၂၅)ရက်နေ့ က ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ရီနွဲ့ကျေးရွာအုပ်စုထဲမှာရှိတဲ့ ဆောင်းဖွေးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ (၃)ရက်သား ကလေးမိခင် ဟာ ဧပြီလ(၂၇)ရက်နေ့မှာ အသက်သေဆုံးခဲ့ရတယ်လို့ ကျန်ရှိခဲ့တဲ့ ကလေး နဲ့ ဖခင်ဖြစ်သူဆီကို ရောက်ရှိကူညီခဲ့တဲ့ စစ်ရှောင်ကူညီသူတစ်ဦးဆီကနေ သိရှိရပါတယ်။

ဗုံးကြဲခံရမှုဖြစ်စဉ်မှာ မိခင်ဖြစ်သူကတော့ လက်နက်စထိမှန်မှုကြောင့် မျက်လုံးတစ်ဖက်ထိခိုက် ဒဏ်ရာနဲ့ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ မိခင်ဖြစ်သူကို ဆေးကုသမှု ပေးဖို့ ကားနဲ့ သယ်သွားတဲ့ လမ်းမှာလည်း ကားထပ်မံ တိမ်းမှောက်ခဲ့ပြီး မိခင်ဖြစ်သူမှာ ထပ်မံဒဏ်ရာရရှိခဲ့ရာ နောက်နှစ်ရက်မြောက်နေ့မှာတော့ အသက်သေဆုံးခဲ့ရပါတယ်။

“ လေယာဉ်ကထပ်လာတော့ သူတို့အမြန်မောင်းတာပေါ့နော။ ကားက ချိုင့်(ချောက်) ထဲကျသွားတယ်တဲ့ ကားက ပက်လက်လှန်မှောက်သွားတဲ့အချိန်မှာ အဖွားဖြစ်သူက လက်တစ်ဖက် ထပ်ကျိုးသွားတယ်။ လူနာတစ်ယောက်လည်း ထပ်ပြီးတော့ ဒဏ်ရာရတာပေါ့နော။ သူ့ဟာ အဲလို ထပ်ပြင်းထန်တယ်ထင်တယ်။ သူ့ယောင်္ကျား ကျမတို့ ပြောပြတာကတော့ ပွဲချင်းပြီးသေလား ကျမထပ်မေးတော့ အဲတစ်ရက်တည်းနဲ့ မသေဘူးတဲ့ ဆေးရုံအမီ ပို့သေးတယ်တဲ့ ဒါပေမယ့် မရတော့ဘူးတဲ့ ကလေးမအေက သွေးနုသားနုနဲ့ နောက်ပြီးတော့ မျက်လုံးလည်း တစ်ဖက်ထွက်သွားတယ် ဆိုတော့ သွေးအားနည်းနဲ အကုန်လုံးပေါ့နော်။ အဲကနေ ၂ ရက်ကြာမှ ဆုံးသွားတာ သူက အဲလိုပြောတယ်။ အဲလိုပြောပြ သွားတာပေါ့နော် သူ့ရဲ့ အမျိုသားကပေါ့။ သူဆုံးသွားတာက နောက်ထပ်နှစ်ရက်မှာဆိုတော့ ဗုံးကြဲတာက ဧပြီလ ၂၅ ရက်ဆို ၂၇ ရက်မှာပေါ့။ “ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပြပါတယ်။

အသက်သေဆုံးခဲ့ရတဲ့ ကလေးမိခင်ကတော့ အသက်(၁၈)နှစ်အရွယ်လို့ သိရှိရပြီး ဖခင်ဖြစ်သူကတော့ အသက် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။ ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်းမှာ မိခင်ဖြစ်သူက ဒဏ်ရာပြင်းထန်ခဲ့ပြီး ဖန်လုံအိမ်ထဲ ကျန်ရှိခဲ့တဲ့ ၃ရက်သားကလေးငယ်ကို ပြည်သူတစ်ဦးက ခေါ်ထုတ်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ ကလေးငယ်ကတော့ ၂ပတ်ကျော်အရွယ် ရှိပြီဖြစ်ပြီး သမီးမိန်းကလေး ဖြစ်ပါတယ်။ ကလေးငယ်ကတော့ လက်ရှိမှာ ဖခင်ဖြစ်သူနဲ့ နေနေတာဖြစ်ပါတယ်။

“ အခုမှမွေးတာ တစ်ဦးမို့လို့ ဖအေကလည်း မမွေးစားခိုင်းဘူး။ သူများတအားလိုချင်တယ် ဒါပေမယ့် အဖေက မပေးဘူး။ အမေကိုလည်း ဆုံးရှုံးပြီးပြီ။ ပြီးတော့ အခုမှ တစ်ဦးဆိုတော့ ကျနော့်ကလေးကို ဘယ်သူကိုမှ မပေးနိုင်ဘူးလို့ သူက ပြောသွားတယ်။ စေတနာရှိရင်တော့ ကျနော်တို့ကို ကူညီပေးပါ သူက အဲလိုပဲပြောသွားတယ်။ “ လို့ သွားရောက်တွေ့ဆုံခဲ့တဲ့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပြပါတယ်။

လက်ရှိ ကလေးကိုတော့ ကလေးငယ်ရှိတဲ့အခြား မိခင်တစ်ဦးဆီကနေ နို့တိုက်ကျွေးရသလို Dumex (နို့မှုန့်) ကိုလည်း တိုက်ကျွေးနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေဖြစ်ကြတဲ့အတွက် ကလေးငယ်အတွက် လိုအပ်တဲ့အသုံးစရိတ်တွေ ပစ္စည်းတွေ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts