spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ဖို့ရေရှားပါးမှု ပြဿနာကြုံတွေ့နေကြရ

Author

Date

Category

အန်ထောနီ

ဖရူဆိုမြို့နယ် ဒိုးပရယ်ကျေးရွာအုပ်စုတွင်း ရေရှားပါးမှုကြောင့် ကလေးသူငယ်တွေရဲ့ တကိုယ်ရေသန့်ရှင်းရေး မပြုလုပ်နိုင်တဲ့အနေအထားမှာ အသက်အန္တရာယ်အထိ ကြုံတွေ့လာ ရမှာကိုစိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေဆီကနေ ကြားသိနေရပါတယ်။

“ အခုချိန်နွေရာသီ ရေရှားပါးတဲ့အချိန်မျိုးမှာဆိုရင် ကျနော်တို့ကလေးတွေ (၅) နှစ်အောက်ကလေးတွေဆိုရင် လက်ဆေးဖို့တောင်မှ တော်ရုံတန်ရုံ ရေကမရှိတဲ့အနေအထားမျိုးမှာပေါနော်။ ဝမ်းပျက်ဝမ်းလျှောတို့ အဲ့လောက်ထိတောင်ဖြစ်သွားတယ်ပေါ့။ သေတဲ့အထိတောင်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကို ကျနော်တို့ဒေသမှာ ကြုံတွေ့နေရတယ်ပေါနော။ မျက်မြင်သက်သေတွေလည်းရှိခဲ့ပါတယ်” လို့ ဒိုပရယ်ကျေးရွာအုပ်စု ဝယ်သူတော် ကျေးရွာနေ ဦးထျားရုကပြောပါတယ်။

ဒိုးပရယ်ကျေးရွာအုပ်စုအတွင်း အသုံးပြုနေကြတဲ့ ထျေးတော်ရေကန်ကို မြင်တွေ့ရစဉ် ။ ဓါတ်ပုံ – အန်ထောနီ

ကလေးသူငယ်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့် အဝတ်လျော်ဖို့မလုပ်ပေးနိုင်တဲ့အတွက် အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ လက်တွေတောင် ပုံမှန်ဆေးဖို့ အခက်အခက်ကြုံတွေ့နေကြရတာပါ။

အခုလိုပြသနာများနှင့်ရင်ဆိုင်နေရပြီး တိရိစ္ဆာန်များလည်း ရေရှိရာအရပ်သို့ရွှေ့ပြောင်းသွားသောကြောင့် အသေအပျောက်ရှိတယ်လို့ သိရပါတယ်။

“အခုမွေးထားတဲ့ တိရစ္ဆာန်တွေဆိုလည်း သောက်ဖို့မရှိတော့ဘူး တစ်ခြားရေရှိတဲ့နေရာရောက်သွားလိုက် ပျောက်သွားလိုက် တစ်ချို့တစ်လေဆိုရင်လည်း သေရင်သေတာပေါ့ကွာ။ တာတွေက ကိုယ့်ရဲ့အကျိုးစီးပွားတစ်ခု ထိခိုက်နှစ်နာတာပေါ။ မိုးကောင်းရင်တော့ တိရစ္ဆာန်လည်း အသေအပျောက်သိပ်မရှိဘူး။” ဒိုပရယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုုး ဦးဆော်ရယ်က ပြောပါတယ်။

အရင်နှစ်မိုးရာသီတုန်းက အောက်တိုဘာလကတည်းက မိုးက သိပ်မရွာတော့တဲ့အတွက် ဒီနှစ်မှာတော့ မိုးခေါင်ရေရှားပါးမှု အခြေအနေပိုဆိုးလာရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရေအလှူရှင်တွေ လာရောက်လှူတန်းတာတွေရှိပေမယ့်လည်း မလုံလောက်နိုင်တဲ့အတွက် ရေကိုချွေတာသုံးစွဲနေကြရပါတယ်။

ဒိုပရယ်ကျေးရွာအုပ်စုမှာ ရေအရင်းအမြစ်ရှိနေပေမဲ့လည်း ရွှာသူရွှာသားများ၏ လုပ်အားတစ်ခုတည်းနဲ့ ပြုပြင်ထိန်းသိမ်းဖို့ အင်အားမလုံမလောက်တဲ့အတွက်ကြောင့် ရေရှားပါးမှုပြသနာက ပိုမိုကြီးမားလာပါတယ်။

အစိုးရအနေဖြင့် ရေလှုုနေမဲ့အစား ရေအရင်းအမြစ်ကို ပြုပြင်မွံးမံပေးရင် ပိုအဆင်ပြေမယ်လို့ ကရင်နီပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးခူးသူရယ်က အကြံပြု ပြောဆိုသွားပါတယ်။

“ ရွာသူရွာသားတွေအနေနဲ့ကတော့ စုပေါင်းပြီးတော့ထိန်းသိမ်းထားတဲ့ရေအရင်းအမြစ်တွေကို ကောင်မတီတစ်ခုဖွဲ့ပြီးတော့ စနစ်တကျနဲ့ ကျနော်တို့ရေအရင်းအမြစ်တွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေချပြီးတော့ အစိုးရနဲ့ပူးပေါင်းရင်တော့ တာက တစ်စုံတစ်ရာ နွေရာသီမှာ ကျနော်တို့ရင်ဆိုင်နေတဲ့ရေရှားပါးမှုပြသနာကို ဖြေရှင်းပြီးသားဖြစ်လိပ်မယ်လို့ ကျနော်ယုံကြည်တယ်” လို့ပြောခဲ့ပါတယ်။

ယခုလိုရေရှာပါးမှုကြောင့် ဒိုပရယ်ကျေးရွာအုပ်စုအတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အဖက်ဖက်မှ ထိခိုက်ဆုံးရှုံးနေပြီး အစိုးရအနေနဲ့ လာရောက်ကွင်းဆင်းစစ်ဆေးပေးဖို့ ဆန္ဒရှိနေကြပါတယ်။

ဒိုးပရယ်အုပ်စုမှ လျားဒူကျေးရွာ၊ ထီးဒူလဲကျေးရွာ၊ ထျေလျားဆိုကျေးရွာ၊ ဝယ်သူတော်ကျေးရွာ၊ ဘီဆိုကျေးရွာ ကျေးရွာ (၅)ရွာနှင့်သက်ဆိုင်သော ထျေးတော် ရေကန် တစ်ကန်ရှိပြီး ထိုရေကန်မှာ ရွှွှံွှံ့့့့နွံများကြောင့် တိမ်ကောသွားကာ နှစ်စဉ်နှစ်တိုင်းရေခန်းလေ့ရှိပါတယ်။

ထိုရေကန်ကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ထျေးတော်ရေကန်ထိမ်းသိမ်းရေးကောင်မတီကို မတ်လ ၁၇ ရက် ၂၀၂၀ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

spot_img
spot_img

Recent posts