spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်ပတ်အတွင်း ဒီးမော့ဆိုမြို့ရှိ နေအိမ် (၄၀)ထက်မနည်း ထပ်မံမီးရှို့ဖျက်ဆီးခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ် (၄၀)ထက်မနည်းကို စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO-PDF) က မတ်လ (၂၀)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မတ်လ (၁၄)ရက်နေ့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကနေ အတွဲလိုက်ဒုံး Multiple Rocket Launcher System ( MRLS) များ အသုံးပြုပြီး ပစ်ကူခဲ့တဲ့အပြင် လက်နက်ကြီးအလွန်အကျွံအသုံးပြုခဲ့မှုကြောင့် ဒေါငံခါးကျေးရွာကို ကို ခေတ္တဆုတ်ပေးလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။

ဆုတ်ပေးလိုက်ရချိန်မှာ စစ်ကောင်စီတပ်က ဒေါငံခါးရပ်ကွက်အပါအဝင် ဒီ/ကျေးအုပ်စုအတွင်းရှိ ပြည်သူပိုင်ပစ္စည်းတွေ ဖောက်ထွင်းခဲ့ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပြည်သူလူထုရဲ့အကျိုးစီးပွားကို မကာကွယ်ရုံသာမက လုယက်၊ ခိုးယူ၊ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပြီး စစ်ရေးအရပြန်လည် တုန့်ပြန်သွားမယ်လို့ DMO-PDF က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ လက်နက်ကြီးကြောင့်ဖြစ်စေ၊ ရှို့မီးကြောင့်ဖြစ်စေ ပျက်စီးသွားတဲ့ နေအိမ် ၆၄၉လုံး ရှိနေပြီလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts