Wednesday, January 26, 2022

တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော

ကန္တာရဝတီတိုင်း(မ်)

ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး KNDFပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အခုလို ပြောပါတယ်။

” အဓိကကတော့ ဒီလိုပါ ကျနော်တို့ ပြည်နယ်မှာရှိတဲ့လူအားလုံး စုပေါင်းပြီးတော့မှ စစ်ကောင်စီကို ကျနော်တို့ တွန်းလှန်နိုင်ဖို့ အချိန်နဲ့အမျှ စစ်မျက်နှာဖွင့်မယ် စစ်ကောင်စီရှိတဲ့နေရာ ကျနော်တို့ တိုက်နိုင်အောင် ကျနော်တို့ တိုင်ပင်ပြီးတော့မှ ထုတ်လိုက်တာပါ။ အဓိက ကတော့ စစ်ကောင်စီကနေလာတာ ကျနော်တို့ စောင့်နေတာမျိုး မဟုတ်ပဲနဲ့ ကျနော်တို့ ရှိရင်းဟာလေးကို တိုက်နိုင်အောင် ကျနော်တို့ ကြိုးစားပြီးတော့ ပြောလိုက်ရတာပေါ့။ ကျနော်တို့ အဲ့လိုမျိုး အဓိပ္ပါယ်နဲ့ ကျနော်တို့ ထုတ်သွားတာဖြစ်တယ်။” လို့ ဆိုပါတယ်။

စက်တင်ဘာ(၁၄)ရက် ဒီကနေ့မနက် ၅နာရီဝန်းကျင်ကနေစပြီး ဖရူဆိုမြို့နယ်၊ ကဒါးလား ကျေးရွာအနီးမှာ KNDF၊ KAနဲ့ စစ်ကောင်စီတို့ လေးနာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ KNDFဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးမှာ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ရဲဘော်ဆီမိုးနယ်(ခ)အောင်နိုင် ဖြစ်ပြီး ကျန်တစ်ဦးမှာ (၉)တန်းကျောင်းသားအရွယ် ရဲဘော်ပီတာဂျွန်စော ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်မှာလည်း ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက် အတိအကျကိုမပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် လေးလကြာတိုက်ပွဲအတွင်း ယနေ့အထိ တိုက်ပွဲပေါင်း ၆၅ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၈၉)ဦးအထိ ရှိနေပြီလို့ ကရင်နီပြည်နယ်က လူမှုအသင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

More from the blog

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

ကရင်နီပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုရှိနေတဲ့အတွက် ပြည်သူတွေ ဗုံးခိုကျင်းတူး

https://youtu.be/yA1wSv22iXA ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ စစ်ရှောင်စခန်းတွေအထိပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ...