spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပ်သိမ်းမြေကိစ္စနှင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အသံတိတ် ဆန္ဒပြပွဲပြုလုပ်ရန်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ ၄ ရက်နေ့တွင် ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့တွင်း တပ်သိမ်းမြေကိစ္စနှင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အသံတိတ်ဆန္ဒပြရန် ရှိသည်ဟု ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် ခွန်းလှမင်းထွေးထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ် ၊ (၆) မိုင်အုပ်စု ၊ ဒေါဆိုရှေ့ကျေးရွာ၊ လွိုင်ကော်မြို့နယ်၊ ချိကယ်အုပ်စု ၊ ဒေါမူကလားကျေးရွာနီင့် အနီးအနားတွင် ရှိသည့် ပြည်သူများပိုင်ဆိုင်ထားသော မြေဧက (၁၅၀၀)ကျော်ကို တပ်မတော်မှ သိမ်းယူထားသော မြေများအား ပြန်လည်ပေးအပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသော တောင်သူများကိုပြန်လည်လွှတ်ပေးရန်၊ ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို၏ ကတိကအတိုင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ရွှေ့ပေးရန်၊ ဒီးမော့ဆိုမြို့တွင် ဆိုင်းဘုတ်ကိုင်ဆောင်ခြင်းဖြင့် အသံတိတ်ဆန္ဒပြသွားမည်ဟု ဒီးမော့ဆိုမြိုနယ်ရဲတပ်ဖွဲ့ထံ တင်ပြထားသည်။

သို့သော် အထက်ပါတင်ပြချက်ဆိုင်ဘုတ်းများကိုင်ဆောင်မည့် စာသားများတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အမြန်ဆုံးရွှေ့ပေးရန်ခွင့်မပြုကြောင်းနှင့် စစ်တပ်ဟုလည်းအသုံးမပြုခိုင်းကြောင်း အာဏာပိုင်များက ဆက်သွယ်ပြောဆိုလာ သည်ဟု ဆန္ဒပြပွဲဦးဆောင်သူ ခွန်းလှမင်းထွေး က ယခုလိုရှင်းပြသွားပါသည်။

“တပ်သိမ်းမြေပြန်ပေးဖို့ရယ် ပုဒ်မအမျိုးမျိုးနဲ့ဖမ်းနေတဲ့တောင်သူတွေကို ပြန်လွှတ်ပေးဖို့ပေါ့။ ကျတော်တို့က အချက်လေးချက်ကို တောင်းဆိုထားတယ် စစ်တပ်သိမ်ထားတဲ့နေရာကို ပြန်ပေးရန်ဆိုတဲ့နေရာမှာ စစ်တပ်နေရာမှာ တပ်မတော်လို့ သုံးပေးပါလို့ ကျတော်တို့ကို ပြောတယ်။ ကျတော်တို့လည်း သူတို့ပြောတဲ့အတိုင်း ပြန်ပြောင်းပေးတယ်။ ဒါပေမယ့် သူတို့ဖုန်းပြန်ဆက်လာတယ် တပ်မတော်မသုံးနဲ့တဲ့ သုံးရင်ခွင့်မပြုတော့ဘူးတဲ့ ထပ်ပြောတယ်။

ဆန္ဒပြတဲ့နေ့မှာလည်း တောင်းဆိုတဲ့ နံပါတ်(၄)ချက်ကို မထည့်နဲ့တဲ့ ထည့်ရင် ပြည်နယ်အစိုးရက စိတ်ဝင်စားမှာမဟုတ်ဘူး လုပ်ပေးမှာမဟုတ်ဘူးတဲ့ ဒီအချက်ကို ပယ်ပေးပါလို့ ပြောတော့ ကျတော်တို့လည်း ပယ်လိုက်တယ်။

စည်းကမ်းချက်တွေ တအားတင်းကျပ်တာရှိတယ်။” ဟု ခွန်းလှမင်းထွေးက ပြောပါသည်။

အသံတိတ်ဆန္ဒပြမည့်နေရာမှာ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးလမ်းခွ နှင့် ငွေတောင်ဆည် နှစ်နေရာတွင် လူနှစ်စုခွဲပြီး ဆိုင်းဘုတ်ကိုင်လျက် အသံတိတ်ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟုသိရသည်။

အသံတိတ်ဆန္ဒပြရာတွင် တာဝန်သိဝန်းရံပေးမည့်သူ ပြည်သူများ အရေအတွက် (၂၀)မှ (၁၀၀)အထိ ရှိမည်ဖြစ်ကြောင်းသိရသည်။ ဆန္ဒပြမည့်အချိန်မှာ မနက် ၉ နာရီမှ မွန်းလွှဲ ၃ နာရီအထိ ဟုသိရသည်။

spot_img
spot_img

Recent posts