တပ်မတော် အာဏာသိမ်းမှုအပေါ်ကရင်နီပြည်လူငယ်အင်အားစုက ရှုတ်ချကြောင်း ထုတ်ပြန်

0
412

ကန္တာရဝတီတိုင်း (မ်)

ရွေးကောက်ပွဲမဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက ထုတ်ပြန်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်မှာ တပ်မတော်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေတဲ့ အပြင် ပြည်သူကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်လူငယ်အင်အားစုအနေနဲ့ လူထုနဲ့ တစ်သားထဲ ရပ်တည်သွားမှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။