spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပ်မ၆၆က တပ်သားတစ်ဦး KNDF ထံ လက်နက်နဲ့အတူ CDM ပြုလုပ်

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီတပ်မ ၆၆ က တပ်သားတစ်ဦးဟာ KNDF B-16 ထံကို MA-1 သေနတ် ၁လက်၊ ကျည်ဘောက်တစ်ဘောက်၊ ကျည်ဆံ ၇၁တောင့် နဲ့အတူ CDM ပြုလုပ်ခိုလှုံခဲ့တယ်လို့ KNDF B-16 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မေလ ၁၆ရက်နေ့မှာ စတင်ထွက်ပြေးလာပြီး မေလ ၁၇ရက်နေ့မှာ KNDF B-16 နဲ့တွေ့ကာ ခိုလှုံခဲ့တာဖြစ်တယ်လို့ KNDF B-16 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ဆီ ဝင်လာတဲ့စစ်သား CDM တစ်ယောက်က တပ်မ ၆၆က။ တပ်မ၆၆ လက်အောက်ခံ တပ်ရင်း လ/၁ က တပ်သားပဲပေါ့။ ရာထူးကတော့ တပ်သားပဲ။ သူတို့က အဓိကက ယာဉ်တန်းလုံခြုံရေး တာဝန်ယူရတဲ့ အဖွဲ့တွေပေါ့။ နောက် ဒီးမော့ဆိုကနေ ဟိုး ဘောလခဲအထိကို သူတို့ လာရတယ်။ သူတို့လာတဲ့ တစ်လျှောက်မှာလည်း တိုက်ပွဲတွေ တော်တော်များများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သူကပြောပြတယ်ပေါ့။ ထားလဲမှာလည်း သူတို့ တစ်လကျော်ကျော်တော့ ကြာတယ်။ အဲ့မှာ သူတို့ကြာပြီးတော့ မတ်စလောင်း တောင်စခန်းကို သူတို့ ရောက်လာတာ နှစ်ရက်ပဲ ရှိသေးတယ်။ နောက်သူတို့ ရေသွားခပ်ရင်းနဲ့ သူက တစ်ခါတည်း ထွက်ပြေးလာတယ်ပေါ့။ အဓိက ထွက်ပြေးလာတာကတော့ နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ ထွက်ပြေးလာတယ်လို့ သူကပြောပါတယ်။ ဒီတပ်မတော်ထဲ စဝင်တာ တာဝန်ထမ်းဆောင်တာလည်း သုံးလလောက်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။ “ လို့ ၎င်းက ပြောပြပါတယ်။


CDM ပြုလုပ်သူမှာ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ဦးသက်စိုးပိုင်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဇာတိက ဖြစ်တယ်လို့ ပြောပါတယ်။ တပ်တွင်းမှာ နှိပ်စက်မှုတွေရှိလာတဲ့အတွက် ထွက်ပြေးလာရတာဖြစ်တယ်လို့ ဦးသက်စိုးပိုင်က ပြောပါတယ်။

“ အစကတည်းက ကျနော် တပ်မတော်ကနေထွက်ပြေးဖို့ ကျနော် သင်တန်းဆင်းကတည်းကနေ ကျနော်သင်တန်းဆင်းပြီးရင် ထွက်ပြေးမယ်။ ဒါပေမယ့် ကျနော်အရှေ့တန်းကို ရောက်လာတယ်။ အရှေ့တန်းမှာ ဒီလိုမျိုး ထုလိုက်၊ရိုက်လိုက်လုပ်တယ်။ ထုလိုက်၊ရိုက်လိုက် လုပ်တော့ ကျနော် အဆင်မပြေတော့ဘူး။ အဲ့မျိုးကျတော့ ကျနော်တို့က လက်အောက်အငယ်တွေကို အပေါ်က အရာရှိဆိုတော့ သူခိုင်းတာ ကျနော်တို့ လုပ်ရမယ်။ အဲ့မျိုးတွေ ပြဿနာတွေရှိတယ်။” လို့ သက်စိုးပိုင်က ပြောပါတယ်။

ယာဉ်တန်းလုံခြုံရေးဖြစ်တဲ့အတွက် တာဝန်ယူထားရတဲ့ ယာဉ်တွေ မီးလောင်ပျက်စီးသွားရင် အပြစ်ပေးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။

CDM ပြုလုပ်လာသူကို ကောင်းမွန်စွာခေါ်ဆောင်ပြီး အချက်အလက်တွေကို မေးမြန်;ကာ ပြည်သူ့ရင်ခွင်ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ KNDF B-16 ဆီကိုတော့မှာ ပထမဆုံး CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သားဖြစ်ပြီး နောက်ထပ်CDM ပြုလုပ်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

“နောက်ထပ်လည်း CDM တပ်သားတွေအများကြီးကို ကျနော်တို့ ဖိတ်ခေါ်တယ်ပေါ့နော။ ကျနော်တို့ဆီမှာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ အများကြီး ကျနော်တို့ ဖိတ်ခေါ်တယ်။ နွေးနွေးထွေးထွေးလည်း ကြိုဆိုတယ်။ ကျနော်တို့ဆီရောက်လာခဲ့မယ်ဆိုရင်လည်း ကျနော်တို့ အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန်ထားမယ်။ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးလည်း ကျနော်တို့ ရစေရမယ်ပေါ့နော။ သူတို့လည်း ကျနော်တို့ဆီအများကြီးထပ်ခိုလှုံလာဖို့ ကျနော်တို့လည် ဖိတ်ခေါ်ပါတယ်။” လို့ KNDF B-16 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ မတ်စလောင်းတောင်စခန်းဟာ KNDF B-16၊ KA တို့နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် ဘောလခဲဘက်ကို လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကိုလည်း KNDF B-16၊ KA တို့က မကြာခဏဖြတ်တိုက်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးတွေ ရှိနေပါတယ်။

spot_img
spot_img