spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပ်မ-၃၃ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိ

ထွေးရယ် ကန္နရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အမှတ် ( ၁) ခရိုင် တစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ-၃၃ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-09 နဲ့ ကရင်နီတပ်မတော် KAတို့ပူးပေါင်းပြီး မေလ ၁၆ ရက်ည (၉)နာရီ ဝန်းကျင်မှာ ကင်းလှည့်ရင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ည ၉ နာရီ အချိန်လောက်ကပေါ့နော်။ စစ်မြေပြင်မာပေါ့နော်။ ကျွန်တော်တို့ ကင်းလှည့်ရာကနေ သူ့ကိုတွေ့လို့ မသင်္ကာလို့ ဖမ်းဆီးခဲ့တာပါလို့” KNDF B-09 တာဝန်ရှိသူ တစ်ဦးက ကန္တရဝတီတိုင်း (မ်)ကို ပြောပါတယ်။

ဖမ်းဆီးရမိသူမှာ ဦးတိုးမိုင်းဖြစ်ပြီး ခလရ-၄/ တပ်မ-၃၃၊ ကိုယ်ပိုင်အမှတ် -တ/၇၈၁၂၈၅ ဖြစ်ကာ တပ်ကြပ်ကြီး အဖြစ် ၁၄ နစ်သာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ သူ့ကို တာဝန်ရှိသူတွေဆီကို လွှဲအပ်ထားတယ်လို့ KNDF B-09က ဆိုပါတယ်။

ပြီးခဲ့ မေလ ၁၅ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အမှတ် (၁) ခရိုင် အတွင်း wy ဆေးပြား ဖြန့်ဖြူးရောင်းချနေသောသူကို လည်း ဖမ်းဆီးထိန်းသိမ်းထားတာ ရှိပါတယ်။

spot_img
spot_img