spot_img
Monday, March 27, 2023
spot_img

တိုက်ပွဲကြောင့် ကုန်တင်ကားမဝင်တဲ့အတွက် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်- စံပြ ၆မိုင် – ဒေါတမကြီး- ဘောလခဲလမ်းမကြီး သွားရာလမ်းမှာ တိုက်ပွဲဖြစ်တာတွေ ရှိနေတဲ့အတွက် လတ်တလော လမ်းပိတ်ထားပြီး ကုန်တင်ကားမဝင်တာကြောင့် ဘောလခဲ- ဖားဆောင်းမြို့နယ်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ပထမအကြိမ်ပိတ်ကတည်းက ဈေးမြောက်သွားတော့ ဒုတိယအကြိမ်ပိတ်လည်း ဈေးကမကျတော့ဘူးဗျ။ ဒီဈေး ဒီဈေးပဲဖြစ်သွားတယ်။ ပထမအကြိမ်ပိတ်တော့ ဈေးနှုန်းထိုးတက်သွားတဲ့ဟာကို လမ်းပြန်ဖွင့်လိုက်တယ် သုံးရက်ဖွင့်လိုက်တော့ ပစ္စည်းတွေတော့ရောက်တယ် ရောက်တော့ပြန်စုတယ်ပေါ့ နည်းနည်းတော့ ဈေးကျလာတာပေါ့။ ပြန်ပိတ်တော့ ပြန်ထိုးတက်သွားမှာပဲ။ လမ်းသာပြန်မဖွင့်ရင်ပေါ့နော။” လို့ ဘောလခဲဒေသခံတစ်ဦးက ပြောပါတယ်။

အများပြည်သူလုံခြုံရေးအတွက် လွိုင်ကော် – စံပြ( ၆ ) မိုင် – ဒေါတမကြီး – ဘောလခဲလမ်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ယာယီပိတ်ထားမယ်လို့ ထုတ်ပြန်ခဲ့တာရှိပါတယ်။ သို့ပေမယ့် ဇန်ဝါရီလ ( ၁၈ ) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီလို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် လတ်တလော တိုက်ပွဲအခြေအနေတွေကြောင့် ကုန်တင်ကား သွားလာတာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ကုန်ကားမဝင်တဲ့အတွက် ဆိုင်မှာရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို နည်းနည်းစီ ခွဲဝေရောင်းချပေးနေရတယ်လို့ ဘောလခဲ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“အင်ပေါ့ ခွဲပေးရတာပေါ့။ တစ်ယောက်ကို နည်းနည်းစီအဲ့မျိုးခွဲပြီးရောင်းပေးတာပေါ့။ဥပမာ ဆန်တို့ဆို လေးငါးဆယ်အိတ်ရှိရင် ဥပမာ လာမေးတဲ့သူကို သုံးအိတ်လိုချင်ရင်တော့ တစ်အိတ်ပဲ ရောင်းပေးတာ‌ပေါ့အဲ့လိုမျိုးပေါ့” လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

လွိုင်ကော် – စံပြ( ၆ ) မိုင် – ဒေါတမကြီး – ဘောလခဲလမ်းကို ရက်အကန့်အသတ်မရှိ လုံခြုံရေးအရ ယာယီပိတ်ထားတာတွေ ယခင်က မကြာခဏ ထုတ်ပြန်ထားပြီး ပြန်လည်သွားလာခွင့်ပြုတဲ့အချိန်မှာလည်း တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ စတဲ့ တစ်ပတ်မှာ သုံးရက် သွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးအခက်အခဲဖြစ်စေတယ်လို့ ဘောလခဲဒေသခံတစ်ဦးက ပြောပါတယ်။

” စားဝတ်နေရေးအများကြီးခက်ခဲတာပေါ့။တချို့ဆိုရင် ရှင်းရှင်းပြောရရင် ဒီရှိတဲ့ရွာထဲက စိုက်ထားတဲ့အသီးပင်လေး မုန်ညှင်း၊ ဆလပ်ရွက်တွေ အဲ့ဒီဟာပဲ နည်းနည်းပါးပါး ငါးရာဖိုး တစ်‌ထောင် ဖိုးဝယ်စားဖို့တောင်အနိုင်နိုင်။ တချို့မိသားစုတွေ အဲ့လိုမျိုး တတ်နိုင်သလောက် ကိုယ်ဟာကို အံကြိတ်ပြီးမှ ကြိုးစားပြီး ရှာစားနေရတာပေါ့နော်။ အခုနေ့စားလည်း ခေါ်တဲ့လူမရှိဘူး။” လို့ သူက ပြောပါတယ်။

ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးဒေသခံတွေက လွိုင်ကော်မြို့ကနေ အဓိက အခြေခံစားသောက်ကုန်၊ ကုန်စိမ်း တွေ မှာယူ ရောင်းချနေရတာဖြစ်ပါတယ်။ သို့ပေမယ့် လမ်းပိတ်ထားမှုအခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်နဲ့ တောင်ငူကနေ ကုန်ပစ္စည်းတွေကိုသာ မှာယူရတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးဒေသတွေမှာ ဆန်တစ်အိတ်ကို အနည်းဆုံး ၆သောင်းကနေ တစ်သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိပြီး ကြက်ဥတစ်ထောင်ဖိုး လေးလုံး၊ ဓါတ်ဆီတစ်လီတာ ၃၅၀၀၊ ပုံးဝါတစ်ပုံး ၇သောင်းအထိ ပေးဝယ်ရတဲ့အပြင် တချို့ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီလို့ ဆိုပါတယ်။

လွိုင်ကော်-စံပြ ၆ မိုင်- ဒေါတမကြီး- ဘောလခဲလမ်းမကြီးအပြင် ဖရူဆို- နန်းဖဲ- ဘောလခဲလမ်း နဲ့ ထီးပေါ်ဆိုလမ်းမကြီးနဲ့ဆက်စပ်တဲ့နေရာတွေမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုး၊ စစ်ရေးလှုပ်ရှားနေတာကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့မှစ ရက်အကန့်အသတ်မရှိ အသုံးပြုသွားလာခြင်းမပြုလုပ်ကြဖို့ နဲ့ အသုံးပြုနိုင်မယ့်လမ်းကို ပြန်လည်အသိပေးသွားမယ်လို့ KNDF က ထုတ်ပြန်ထားတာရှိပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...