ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဒီကနေ့ ဧပြီလ ၁၂ရက်နေ့ မနက်ပိုင်းမှစ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပြီး ညနေပိုင်း ၆နာရီဝန်းကျင်မှာ စစ်ကောင်စီမှ လေကြောင်းဖြင့် ၉ကြိမ်ခန့် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်နှစ်စီးဖြင့် ည ၆နာရီ ၃မိနစ်မှ ၃၇မိနစ်အထိ စုစုပေါင်း ၉ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။
၂၀၂၁ ခုနှစ် မေလ ကနေစပြီး ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး မကြာခန ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်နေပါတယ်။