spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားသမိုင်းများကို သင်ရိုးညွန်းတမ်းတွင်ထည့်သွင်းရန် ပြည်ထောင်စုလွတ်တော်တွင် ဆွေးနွေးတင်ပြ

Author

Date

Category

နော်ဒွေးအယ်ခူ

တိုင်းရင်းသားလူနည်းစုများ၏သမိုင်းကို အခြေခံပညာ အဆင့်နှင့် အဆင့်မြင့်ပညာအဆင့် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းပြဌာန်းပေးသင့်သည်ဟု လွိုင်ကော်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဩဂုတ်လ ၁၃ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

“လူနည်းစုတိုင်းရင်းသားကော အချင်းချင်း စိတ်ဝမ်းကွဲမှုမဖြစ်အောင် ဖိနှိပ်ခံရတဲ့ ငယ်ထိပ်ဖိခံရတဲ့ ကြီးနိုင်ငယ်ညှင်း လုပ်ခံရတဲ့ ယူဆနေကြတဲ့ တိုင်းရင်းသားတွေရဲ့သမိုင်းကို သင်ရိုးညွှန်းတမ်းထဲမှာ ဆောလျင်စွာ ထည့်သွင်းပြဌာန်းပေးသင့်နပါပြီ” ဟု ဒေါက်တာခင်စည်သူက ဆွေးနွေးတင်ပြခဲ့သည်။

လူနည်းစုတိုင်းရင်းသားများ သမိုင်းကို သင်ရိုးညွန်းတမ်းများတွင်ထည့်သွင်းရန် ပြည်ထောင်စုလွတ်တော်တွင် ဆွေးနွေးနေသည့် ဒေါက်တာခင်စည်သူအားမြင်တွေ့ရစဉ် (Photo – Pyidaungsu Hluttaw Facebook)

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆လတာကာလ လုပ်ငန်းဆောင်ရွင်မှုအစီရင်ခံနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူနည်းစုများ၏သမိုင်းကို သင်ရိုးညွှန်းတမ်းများတွင် ပြဌာန်းပေးသင့်ကြောင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“သမိုင်းဘာသာရပ်ကအလွန်အရေးကြီးပါတယ်။ သမိုင်းသစ်မရေးမှီ နဂိုရှိပြီးသား သမိုင်းဖြစ်ရပ်မှန်များကိုု သိနားလည်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ်စုနှစ်မြောက်မျာစွာ လူကြီးကော လူငယ်ကော သမိုင်းဖြစ်ရပ်မှန်ကို အမှောင်ချခံရပါတယ်” ဟု ၎င်းက လူနည်းစုတိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသားများ၏သမိုင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

လူနည်းစုတိုင်းရင်းသားသမိုင်းများကို ဖြောက်ခံရသည့်အတွက် အကျိုးဆက်အနေဖြင့် တိုင်းရင်းသားအချင်းအချင်းအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့်လမ်းစဉ်ရောက်ခဲ့ပြီး ဆယ်စုနှစ်ကာလတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုမရခဲ့ကြောင်း ဒေါက်တာခင်စည်သူက ထည့်သွင်းပြောဆိုခဲ့သည်။

ယခုကဲ့သို့ လွတ်တော်ကိုယ်စားလှယ်က ဆွေးနွေးတင်ပြသည့်အပေါ် တိုင်းရင်းသားစာပေအဖွဲ့များကလည်း ကြိုဆိုဝမ်းမြောက်နေကြသည်ဟု 
ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးညွှန့်ရယ်က ထောက်ခံပြောဆိုသည်။

“ကရင်နီသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ဒေသသင်ရိုးထဲမှာတော့ ထည့်နေပြီ။ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းကြောင်းအမှန်ကို အခြေခံပညာသင်ရိုးညွှန်းတမ်းမှာ ထည့်ပေးရင်တော့ အရမ်းကောင်းတာပေါ့” ဟုပြောပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားအချင်းချင်း တန်းတူအခွင့်အရေးရရှိရေး ပါရှိသည့်အတွက် သမိုင်းမှန်ကို ထည့်သွင်းဖော်ပြသင့်ကြောင်း ဥပဒေအိမ်ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကိုကျော်ဝဏ္ဏအောင်က အကြံပြုပြောဆိုသည်။

၎င်းက “ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် အခွင့်အရေးက အားလုံးတန်းတူပဲလေ။ ဥပဒေအရမှာလည်း တန်းတူအခွင့်အရေးရစေရမယ်ဆိုတဲ့ဟာမျိုးလည်း ရှိပြီးသားပေါ့။ ရှိပြီးသားဖြစ်တဲ့အတွက် သင်ရိုးညွှန်းတမ်းထဲမှာ သမိုင်းနဲ့ဆိုင်တဲ့အကြောင်းတွေ ပြန်ရေးမယ်ဆိုရင်တော့ ဘယ်တိုင်းရင်းသားက သာတယ်နာတယ် မဟုတ်ဘဲနဲ့ သမိုင်းမှန်အတိုင်းကို တန်းတူအခွင့်အရေးရှိရှိ ထည့်သွင်းဖော်ပြရမယ်ပေါ့နော” ဟုပြောသည်။

အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းထားသည့် တိုင်းရင်းသားလူနည်းစု၏သမိုင်းကြောင်းသည့် အပေါ်ယံသာရှိပြီး ပြည့်ပြည့်ဝဝမရသေးသည့် အနေအထားတွင် ရှိကြောင်းနှင့် တိုင်းရင်းသားလူနည်းစုအကြောင်းကို အမှန်အတိုင်းသင်ကြားရန် လိုအပ်သည်ဟု ကိုကျော်ဝဏ္ဏအောင်က ထပ်မံအကြံပြုသွားပါသည်။

“လူနည်းစုတိုင်းရင်းသားအသီးသီးတွေရဲ့ သမိုင်းကြောင်းတွေ သမိုင်းစာအုပ်မှာ ဝေဝေဆာဆာပါနေမယ်ဆိုရင် ပြည်ထောင်စုရဲ့အနှစ်သာရကုို ပိုပြီးတော့ ငယ်ငယ်ကတည်း ကျောင်းမှာ ဖော်ညွှန်းနိုင်မယ်ပေါ့” ဟု ကိုကျော်ဝဏ္ဏအောင်က ဆက်ပြောသည်။

ကရင်နီပြည်နယ်သမိုင်းအနေဖြင့် ၁၈၇၅ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ဘုရင်ခံမစ္စတာဖော်စစ်နှင့်ကင်းဝန်မင်းကြီးက ကရင်နီပြည်သည် သီးခြားလွတ်လပ်ပြီးဖြစ်သည့်အကြောင်းကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် အကြောင်းကိုလည်း 
ကရင်နီသမိုင်းအမှန်နှင့်ပတ်သက်ပြီး ဒေါက်တာခင်စည်သူ ပြည်ထောင်စုလွတ်တော်တွင် ထည့်သွင်းဆွေးနွေးသွားသည်။

spot_img
spot_img

Recent posts