spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်ပေါ်ဒေသတိုင်းရင်းသားစာပေ သင်ကြားနေပြီဖြစ်သော်လည်း လိုအပ်ချက်များရှိနေသေး

Author

Date

Category

မီမြာ၊ဦးမြာ

ကယားပြည်နယ်တွင်းရှိ ဖရူဆိုမြို့နယ် အနောက်ဘက် တောင်ပေါ်ဒေသများတွင် တိုင်းရင်းသားစာပေများသင်ကြားနေပြီဖြစ်သော်လည်း သင်ကြားရေးတွင်အခက်အခဲများရှိနေသေးကြောင်း ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စု ခူမိုထီကျေးရွာတွင်နေထိုင်သူ ခူးပေါလူက ပြောပါသည်။

တိုင်းရင်းဘာသာ သင်ကြားပေးသောဆရာမသည်တခြားကျေးရွာမှ နေ၍လာရောက်သင်ကြားပေးရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု ဆိုပါသည်။

“ မိုးရာသီဆို သွားလာရတာအဆင်မပြေဘူး။ မိုးတအားရွာလို့ရှိရင် သူတို့မသွားနိုင်တော့ဘူး အဲ့လိုဖြစ်တယ် ဖြစ်နိုင်ရင်ဒီ ရွာသားအချင်းချင်းဆို အဆင်ပြေမယ်။ သူတို့သွားလာစရာမလိုဘူး ကလေးကို အချိန်မရွေးစာသင်လို့ရတယ်။ ” ဟု ဦးပေါလူကပြောပါသည်။

ဝေးလံသည့် ကျေးလက်ဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားစာပေများကို စတင်သင်ကြားနေပြီဖြစ် သော်လည်း စာအုပ်စာပေများ ၊ ဖတ်စာအုပ်များ လိုအပ်နေသည်ဟု သိရသည်။

မိုနူမနော တိုင်းရင်းသားစာများစသင်နေပြီဖြစ်သည့် ပုလဲရွာမှ ဦးရယ်က “စာပေမှာခါကြတော့ကျတော်တို့က မနူမနောစာတွေသင်ရတယ်။ သင်တာကတော့အခုမှ တစ်နှစ်၊ နှစ်နှစ်အတွင်ဘဲပေါ့။ လိုအပ်ချက်တော့ ရှိသေးတာပေါ့။ ” ဟု ပုလဲလယ်ရွာကဦးမီရယ်ကပြောပါတယ်။

ဖရူဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းသည် အများစုမှာ ကယော၊ မနုမနော၊ ပရဲ့ စသည့်တို့ အများစု နေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရေဒေသဖြစ်နေသည်။

ကယားပြည်နယ်တွင်တိုင်းရင်းသား မျိုးနွယ်စု ပေါင်းစုံနေထိုင်ပြီး နေရာဒေသအလိုက် တိုင်းရင်းသား စာပေများကို ကျောင်းပြင်ပချိန်တွင် စသင်သင်ကြားနေကြပြီ ဖြစ်သော်လည်း ဆရာ/မ မလုံလောက်ခြင်း၊ ထောက်ပံ့ငွေ မလုံလောက်ခြင်း၊ သင်ထောက်ကူပစ္စည်းမလုံလောက်ခြင်း၊ သင်ကြားသည့်အပိုင်းတွင် ကျောင်းပြင်ပ ချိန်ဖြစ်နေခြင်း၊ စသည့်အခက်အခဲများရှိနေသေးသည်။

spot_img
spot_img

Recent posts